Loading surah...
Back to Burmese Quran
52 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ ٱلْحَآقَّةُ
အကယ်စင်စစ် ဖြစ်အံ့သောအရာ။
مَا ٱلْحَآقَّةُ
ယင်း အကယ်စင်စစ် ဖြစ်အံ့သောအရာကား မည်သည့်အရာနည်း။
وَمَآ أَدْرَىٰكَ مَا ٱلْحَآقَّةُ
စင်စစ် ယင်း အကယ်စင်စစ် ဖြစ်အံ့သော အရာသည် မည်သည့်အရာဖြစ်ကြောင်း အသင်သိပါသလော။
كَذَّبَتْ ثَمُودُ وَعَادٌۢ بِٱلْقَارِعَةِ
ဆမူဒ်"လူမျိုးတို့သည်လည်းကောင်း၊ "အာဒ်"လူမျိုးတို့သည်လည်းကောင်း၊ ဆိုက်ရောက်အံ့သော ဘေးကြီး(ဝါ) "ကိယာမတ်"ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ခဲ့ကြကုန်၏။
فَأَمَّا ثَمُودُ فَأُهْلِكُوا۟ بِٱلطَّاغِيَةِ
သို့ဖြစ်ပေရာ "ဆမူဒ်"လူမျိုးတို့ကား အတိုင်းထက်အလွန် ပြင်းထန်လှစွာသော အသံဖြင့် သေကြေ ပျက်စီးစေခြင်းကို ခံခဲ့ကြကုန်၏။
وَأَمَّا عَادٌۭ فَأُهْلِكُوا۟ بِرِيحٍۢ صَرْصَرٍ عَاتِيَةٍۢ
၎င်းပြင် "အာဒ်"လူမျိုးတို့မှာမူ ကြမ်းတမ်းလှစွာသော သောင်းကျန်းသော လေပြင်းမုန်တိုင်းဖြင့် ဖျက်ဆီးခြင်းကို ခံခဲ့ကြရကုန်၏။
سَخَّرَهَا عَلَيْهِمْ سَبْعَ لَيَالٍۢ وَثَمَٰنِيَةَ أَيَّامٍ حُسُومًۭا فَتَرَى ٱلْقَوْمَ فِيهَا صَرْعَىٰ كَأَنَّهُمْ أَعْجَازُ نَخْلٍ خَاوِيَةٍۢ
ထိုအရှင်မြတ်သည် ယင်းလေပြင်းမုန်တိုင်းကို ခုနစ်ညနှင့်ရှစ်ရက်တိုင်တိုင် တစ်ဆက်တည်း ၎င်းတို့ အပေါ်ဝယ် တာဝန်ပေးခန့်အပ်တော်မူခဲ့၏။ သို့ဖြစ်ပေရာ အသင်သည် ယင်းလူမျိုးတို့အား ပြိုလဲနေသော၊ သစ်ခေါင်းပွဖြစ်သော၊ စွန်ပလွံပင်များပမာ ယင်းလေပြင်းမုန်တိုင်းအောက်တွင် လဲ၍နေကြသည်ကို တွေ့မြင်ရပေမည်။
فَهَلْ تَرَىٰ لَهُم مِّنۢ بَاقِيَةٍۢ
သို့ဖြစ်ရာ အသင်သည် ၎င်းတို့အနက်(သေကြေပျက်စီးခြင်းမရှိဘဲ) ကြွင်းကျန်လျက်ရှိသူ တစ်ဦးတစ်ယောက်အား တွေ့မြင်ရလေသလော။
وَجَآءَ فِرْعَوْنُ وَمَن قَبْلَهُۥ وَٱلْمُؤْتَفِكَٰتُ بِٱلْخَاطِئَةِ
ထို့ပြင် "ဖစ်ရ်အောင်န်"သည်လည်းကောင်း၊ ထို"ဖစ်ရ်အောင်န်"၏အလျင်ရှိခဲ့ကြသောသူတို့သည် လည်းကောင်း၊ ထက်အောက် ပြောင်းပြန်လှန်ခြင်းကို ခံခဲ့ကြရသောရွာ(သူရွာသား)တို့သည်လည်းကောင်း၊ ပြစ်မှုကို ကျူးလွန်ခဲ့ကြကုန်၏။
فَعَصَوْا۟ رَسُولَ رَبِّهِمْ فَأَخَذَهُمْ أَخْذَةًۭ رَّابِيَةً
တစ်ဖန် ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှ စေလွှတ်တော်မူသော ရစူလ်တမန်တော်၏အမိန့်ကို ဖီဆန်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့အား (အခြား လူမျိုးများထက်) ပိုမို၍တင်းကြပ်စွာ ဖမ်းဆီး အရေးယူတော်မူခြင်းအားဖြင့် ဖမ်းဆီးအရေးယူတော်မူခဲ့၏။
إِنَّا لَمَّا طَغَا ٱلْمَآءُ حَمَلْنَٰكُمْ فِى ٱلْجَارِيَةِ
ဧကန်စင်စစ် ငါအရှင်မြတ်သည်ပင် အသင်တို့အား ရေ(လှိုင်းများ)တိုးမြှင့်လွှမ်းမိုး၍ လာခဲ့သောအခါ သင်္ဘောပေါ်၌ တင်ဆောင်(ကယ်တင်)တော်မူခဲ့၏။
لِنَجْعَلَهَا لَكُمْ تَذْكِرَةًۭ وَتَعِيَهَآ أُذُنٌۭ وَٰعِيَةٌۭ
ငါအရှင်မြတ်သည် ယင်းဖြစ်အင်ကို အသင်တို့အဖို့ အမြဲမှတ်မိ သတိရစေရာ ပြုလုပ်တော်မူအံ့သောငှာလည်းကောင်း၊ မှတ်ထားသောနားသည် ယင်းဖြစ်အင်ကို မှတ်ထားကြအံ့သောငှာလည်းကောင်း။
فَإِذَا نُفِخَ فِى ٱلصُّورِ نَفْخَةٌۭ وَٰحِدَةٌۭ
မည်သို့ပင်ဖြစ်စေ တံပိုးခရာ၌ တစ်ချက်တည်းမှုတ်လေသော်၊
وَحُمِلَتِ ٱلْأَرْضُ وَٱلْجِبَالُ فَدُكَّتَا دَكَّةًۭ وَٰحِدَةًۭ
ထို့ပြင် ပထဝီမြေသည်လည်းကောင်း၊ တောင်များသည်လည်းကောင်း၊ ပင့်မြှောက်(ဖယ်ရှား)ခြင်းကို ခံကြရပြီးလျှင် တစ်ချက်တည်း ညက်ညက်ကြေအောင် ထုထောင်းခြင်းကို ခံခဲ့ကြရသော်၊
فَيَوْمَئِذٍۢ وَقَعَتِ ٱلْوَاقِعَةُ
ထိုအခါ ကိယာမတ်သည် ဖြစ်ပျက်လာပေမည်။
وَٱنشَقَّتِ ٱلسَّمَآءُ فَهِىَ يَوْمَئِذٍۢ وَاهِيَةٌۭ
၎င်းပြင် မိုးကောင်းကင်သည် အက်ကွဲသွားမည်ဖြစ်ရာ ယင်းမိုးကောင်းကင်မှာ ထိုနေ့တွင် နုံနဲ့၊ ချူချာ၊ ပျက်ယွင်းလျက် ရှိချိမ့်မည်။
وَٱلْمَلَكُ عَلَىٰٓ أَرْجَآئِهَا ۚ وَيَحْمِلُ عَرْشَ رَبِّكَ فَوْقَهُمْ يَوْمَئِذٍۢ ثَمَٰنِيَةٌۭ
၎င်းပြင် "မလာအိကဟ်" ကောင်းကင်တမန်တို့မှာကား ယင်းမိုးကောင်းကင်၏ နံဘေးများဝယ် ရှိနေကြပေမည်။ ထိုမှတစ်ပါး ထိုနေ့တွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ "အရ်ရှ်" ပလ္လင်တော်ကို ကောင်းကင်တမန်ရှစ်ပါးတို့က မိမိတို့ထက်ဝယ် ထမ်းဆောင်လျက်ရှိကြပေမည်။
يَوْمَئِذٍۢ تُعْرَضُونَ لَا تَخْفَىٰ مِنكُمْ خَافِيَةٌۭ
ထိုနေ့တွင် အသင်တို့သည် ရှေ့တော်မှောက်သို့သွင်းစေခြင်းကို ခံကြရပေမည်။ (ထိုနေ့တွင်) အသင်တို့အပေါ်ဝယ် မည်သည့်ဖုံးကွယ်၍နေသော အရာမျှပင် ဖုံးကွယ်၍နေချိမ့်မည် မဟုတ်ပေတကား။ (တစ်နည်း)(ထိုနေ့တွင်)အသင်တို့ဖုံးကွယ်သော မည်သည့်အရာမျှပင် (၎င်းအရှင်မြတ်)အပေါ်ဝယ် ဖုံးကွယ်၍ နေချိမ့်မည် မဟုတ်ပေတကား။
فَأَمَّا مَنْ أُوتِىَ كِتَٰبَهُۥ بِيَمِينِهِۦ فَيَقُولُ هَآؤُمُ ٱقْرَءُوا۟ كِتَٰبِيَهْ
သို့သော် မည်သို့ဖြစ်စေ မိမိမှတ်တမ်းစာအုပ်ကို မိမိလက်ယာလက်ဝယ်တွင် ပေးအပ်ခြင်းခံရသောသူသည် (သူတစ်ပါးတို့အား ပျော်ရွှင်စွာဖြင့်) (ဤသို့) ပြောဆိုပေမည်။ အသင်တို့သည် ကျွန်ုပ်၏မှတ်တမ်း စာအုပ်ကို ယူ၍ဖတ်ကြလေကုန်။
إِنِّى ظَنَنتُ أَنِّى مُلَٰقٍ حِسَابِيَهْ
စင်စစ်သော်ကား ကျွန်ုပ်သည် (လူ့လောက၌ ရှိစဉ်ကပင်) ဧကန်မလွဲ ကျွန်ုပ်သည် မိမိအား စစ်ဆေးမေးမြန်းခြင်းနှင့် တွေ့ဆုံရမည်ကို ယုံကြည်လျက်ရှိခဲ့၏။
Page 1 of 3 (52 ayahs)