Loading surah...
Back to Burmese Quran
44 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ سَأَلَ سَآئِلٌۢ بِعَذَابٍۢ وَاقِعٍۢ
တောင်းဆိုသူတစ်ဦးသည် ကျရောက်အံ့သောပြစ်ဒဏ်ကို တောင်းဆို၏။
لِّلْكَٰفِرِينَ لَيْسَ لَهُۥ دَافِعٌۭ
ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့အပေါ်ဝယ် ယင်းပြစ်ဒဏ်ကို တွန်းလှန် ဖယ်ရှားအံ့သောသူ ဟူ၍တစ်ဦးတစ်ယောက်မျှပင်မရှိပြီ။
مِّنَ ٱللَّهِ ذِى ٱلْمَعَارِجِ
လှေကား အဆင့်အထစ် အဆင့်အတန်းများကို ပိုင်ဆိုင်တော်မူသော ၎င်းအရှင်မြတ်ထံတော်မှ (ကျရောက်မည်)ဖြစ်သော။
تَعْرُجُ ٱلْمَلَٰٓئِكَةُ وَٱلرُّوحُ إِلَيْهِ فِى يَوْمٍۢ كَانَ مِقْدَارُهُۥ خَمْسِينَ أَلْفَ سَنَةٍۢ
မလာအိကဟ် ကောင်းကင်တမန်များသည်လည်းကောင်း၊ (ရုဟ်)အသက်ဇီဝိန်များသည်လည်းကောင်း၊ ထိုအရှင်မြတ်ထံတော်သို့ တက်ရောက်သွားကြပေသည်။ အကြင်နေ့တွင် ယင်းနေ့၏ အတိုင်းအတာသည် ဤပစ္စက္ခ၏ နှစ်ပေါင်းငါးသောင်းနှင့် ညီမျှသည်။
فَٱصْبِرْ صَبْرًۭا جَمِيلًا
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ကောင်းမွန်သောခန္တီတရားကို ထားရှိပါလေ။
إِنَّهُمْ يَرَوْنَهُۥ بَعِيدًۭا
ဧကန်မလွဲ ၎င်းတို့သည် ယင်းပြစ်ဒဏ်နေ့ကို ဝေးသည်ဟု မြင်ကြ၏။
وَنَرَىٰهُ قَرِيبًۭا
ငါအရှင်မြတ်မှာမူ ယင်းပြစ်ဒဏ်နေ့ကို အနီး၌ပင် မြင်နေတော်မူပေသတည်း။
يَوْمَ تَكُونُ ٱلسَّمَآءُ كَٱلْمُهْلِ
(ယင်းပြစ်ဒဏ်သည်) အကြင်နေ့တွင် (ကျရောက်အံ့၊) ထိုနေ့တွင် မိုးကောင်းကင်မှာ ဆီအနည်အရည်ကျိုထားသော (ကြေးနီ၊ ကြေးဝါ၊ ငွေစသည့်) တွင်းထွက်သတ္တုကဲ့သို့ ဖြစ်သွားပေမည်။
وَتَكُونُ ٱلْجِبَالُ كَٱلْعِهْنِ
၎င်းပြင် တောင်များမှာ အရောင်ဆိုးထားသော သိုးမွေးများကဲ့သို့ ဖြစ်သွားပေမည်။
وَلَا يَسْـَٔلُ حَمِيمٌ حَمِيمًۭا
၎င်းပြင် အဆွေခင်ပွန်း တစ်ဦးတစ်ယောက်ကမျှပင် မည်သည့် အဆွေခင်ပွန်းကိုမျှပင် မေးမြန်းမည် မဟုတ်ပေ။
يُبَصَّرُونَهُمْ ۚ يَوَدُّ ٱلْمُجْرِمُ لَوْ يَفْتَدِى مِنْ عَذَابِ يَوْمِئِذٍۭ بِبَنِيهِ
(စင်စစ်) ၎င်းတို့သည် အချင်းချင်း ပြသခြင်းကိုလည်း ခံကြရပေမည်။ (ထိုနေ့တွင်) အပြစ်ရှိသောသူသည် ထိုနေ့၏ပြစ်ဒဏ်မှ (လွတ်မြောက်ရန်) မိမိ သားများအားလည်းကောင်း၊
وَصَٰحِبَتِهِۦ وَأَخِيهِ
မိမိကြင်ဖော်အားလည်းကောင်း၊ မိမိညီအစ်ကိုများအားလည်းကောင်း၊
وَفَصِيلَتِهِ ٱلَّتِى تُـْٔوِيهِ
မိမိအား ခိုလှုံနေထိုင်ရာ နေရာပေးသောဆွေမျိုးသားချင်းကိုလည်းကောင်း၊
وَمَن فِى ٱلْأَرْضِ جَمِيعًۭا ثُمَّ يُنجِيهِ
ပထဝီမြေဝယ် ရှိကုန်သောသူ အားလုံးတို့အားလည်းကောင်း၊ အစားထိုး လျော်ကြေးပေးပြီးနောက် ထိုလျော်ကြေးသည် မိမိအား လွတ်မြောက်စေလျှင် ကောင်းလေစွဟု အာသာဆန္ဒရှိပေမည်။
كَلَّآ ۖ إِنَّهَا لَظَىٰ
(ထိုသို့) အလျှင်း မဖြစ်နိုင်ပေ။ ဧကန်စင်စစ်ယင်း(ငရဲမီး)မှာ ဟုန်းဟုန်းတောက်လျက်ရှိသော၊
نَزَّاعَةًۭ لِّلشَّوَىٰ
အရေကို ခွာပစ်အံ့သော မီးတောက်မီးလျှံပင်ဖြစ်ပေသည်။
تَدْعُوا۟ مَنْ أَدْبَرَ وَتَوَلَّىٰ
ယင်းမီးကား (လောကီဘဝ၌ အီမာန် သက်ဝင်ယုံကြည်ခြင်းမပြုဘဲ) မျက်နှာလွှဲ ကျောခိုင်း၍ ထွက်သွားခဲ့သော၊
وَجَمَعَ فَأَوْعَىٰٓ
(ပစ္စည်းဥစ္စာ) စုဆောင်း၍ လုံခြုံစွာ သိုမှီး ထိန်းသိမ်းခဲ့သောသူများအား ခေါ်ယူပေမည်။
۞ إِنَّ ٱلْإِنسَٰنَ خُلِقَ هَلُوعًا
စင်စစ်ဧကန် "မနုဿ" လူသားမှာ လွန်စွာစိတ်စောသူ၊ သည်းမခံနိုင်သောသူအဖြစ် ဖန်ဆင်းခြင်းကို ခံခဲ့ရလေ၏။
إِذَا مَسَّهُ ٱلشَّرُّ جَزُوعًۭا
၎င်း၌ ဘေးဒုက္ခသက်ရောက်သောအခါ လွန်စွာ ညည်းညူတတ်သူ ဖြစ်၏။
Page 1 of 3 (44 ayahs)