Loading surah...
Back to Burmese Quran
31 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ هَلْ أَتَىٰ عَلَى ٱلْإِنسَٰنِ حِينٌۭ مِّنَ ٱلدَّهْرِ لَمْ يَكُن شَيْـًۭٔا مَّذْكُورًا
လူသား၏ အပေါ်ဝယ် ခေတ်ကာလအနက် အချိန်တစ်ချိန်သည် ဧကန်အမှန်ရောက်ရှိခဲ့၏။ ထိုလူသားသည် (ယင်းအချိန်၌) ပြောပလောက်သော၊ ကိုးကားရည်ညွှန်းလောက်သော၊ အရာဝတ္ထု တစ်စုံတစ်ရာမျှပင် မဖြစ်ခဲ့ပေ။
إِنَّا خَلَقْنَا ٱلْإِنسَٰنَ مِن نُّطْفَةٍ أَمْشَاجٍۢ نَّبْتَلِيهِ فَجَعَلْنَٰهُ سَمِيعًۢا بَصِيرًا
ဧကန်စင်စစ် ငါအရှင်မြတ်သည် လူသားအား စမ်းသပ်လိုတော်မူသောအားဖြင့် ရောနှောပေါင်းစပ်သော ကလလရေကြည်ဖြင့်ဖန်ဆင်းတော်မူခဲ့၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းအား ကြားသူ၊ မြင်သူ၊ ပြုလုပ်တော်မူခဲ့၏။
إِنَّا هَدَيْنَٰهُ ٱلسَّبِيلَ إِمَّا شَاكِرًۭا وَإِمَّا كَفُورًا
စင်စစ်ဧကန် ငါအရှင်မြတ်သည် ၎င်းအား တရားလမ်းမှန်ကို ပြသတော်မူခဲ့၏။(ထို့နောက် ၎င်းမှာ) ကျေးဇူးသိတတ်သူသော်လည်းကောင်း၊ လွန်စွာ ကျေးဇူးကန်းသူသော်လည်းကောင်း၊ ဖြစ်ခဲ့၏။ (တစ်နည်း) စင်စစ်ဧကန် ငါအရှင်မြတ်သည် ထိုလူသားအား ၎င်းသည် ကျေးဇူးတင်သည်ဖြစ်စေ၊ ကျေးဇူးကန်းသည်ဖြစ်စေ၊ တရားလမ်းမှန်ကို ပြသတော်မူခဲ့၏။
إِنَّآ أَعْتَدْنَا لِلْكَٰفِرِينَ سَلَٰسِلَا۟ وَأَغْلَٰلًۭا وَسَعِيرًا
ဧကန်မလွဲ ငါအရှင်မြတ်သည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူ၏အဖို့ သံကြိုးများကိုလည်းကောင်း၊ လည်ကွင်းများကိုလည်းကောင်း၊ အလျှံပြောင်ပြောင် တောက်လောင်လျက်ရှိသော မီးကိုလည်းကောင်း၊ အဆင်သင့်ပြုလုပ်ထားတော်မူ၏။
إِنَّ ٱلْأَبْرَارَ يَشْرَبُونَ مِن كَأْسٍۢ كَانَ مِزَاجُهَا كَافُورًا
ဧကန်စင်စစ် သူတော်သူမြတ်တို့သည် ပရုတ်ရောစပ်ထားသောအရက် အပြည့်အလျှံရှိသောခွက်မှ သောက်သုံးကြပေမည်။
عَيْنًۭا يَشْرَبُ بِهَا عِبَادُ ٱللَّهِ يُفَجِّرُونَهَا تَفْجِيرًۭا
အလ္လာဟ်အရှင်မြတ်၏ (ထူးကဲမြင့်မြတ်သော)ကျွန်တို့သည် အကြင်စမ်းမှ၊ ထိုစမ်းမှ၊ သောက်သုံး ကြပေမည်။၎င်းတို့သည် ယင်းစမ်းကို (အလိုရှိရာသို့) လွယ်လင့်တကူ စီးဆင်းစေကြပေမည်။
يُوفُونَ بِٱلنَّذْرِ وَيَخَافُونَ يَوْمًۭا كَانَ شَرُّهُۥ مُسْتَطِيرًۭا
ထို(ထူးကဲမြင့်မြတ်သော) ကျွန်တို့မှာ (မိမိတို့၏)တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်လေ့ရှိကြသည့်ပြင်၊ အကြင်နေ့ကိုလည်း စိုးရိမ်ကြောက်ရွံ့လေ့ ရှိကြကုန်၏။ ထိုနေ့၏ ဘေးအန္တရာယ်မှာ ကျယ်ပြန့်စွာ ပြန်နှံ့လျက်ရှိပေမည်။
وَيُطْعِمُونَ ٱلطَّعَامَ عَلَىٰ حُبِّهِۦ مِسْكِينًۭا وَيَتِيمًۭا وَأَسِيرًا
ထိုမှတစ်ပါး ထိုသူတို့သည် အစားအစာကို ခုံမင်စုံမက်ကြလျက်နှင့်ပင် ထိုအရှင်မြတ်အား ချစ်ကြည်မြတ်နိုးသောကြောင့် သူဆင်းရဲတို့အားလည်းကောင်း၊ ဘမဲ့ကလေးသူငယ်တို့အားလည်းကောင်း၊ သုံ့ပန်းတို့အားလည်းကောင်း၊ ကျွေးမွေးကြကုန်၏။
إِنَّمَا نُطْعِمُكُمْ لِوَجْهِ ٱللَّهِ لَا نُرِيدُ مِنكُمْ جَزَآءًۭ وَلَا شُكُورًا
(ထိုကျွန်များက) ကျွန်ုပ်တို့သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အား ရည်စူး၍သာလျှင် ကျွေးမွေးကြ၏။ ကျွန်ုပ်တို့သည် အသင်တို့ထံမှ မည်သည့် အကျိုးကျေးဇူးကိုမျှလည်းကောင်း၊ မည်သည့် ကျေးဇူးတင်ခြင်းကိုလည်းကောင်း၊ ရည်စူးကြသည် မဟုတ်ပေ။
إِنَّا نَخَافُ مِن رَّبِّنَا يَوْمًا عَبُوسًۭا قَمْطَرِيرًۭا
ဧကန်မလွဲ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ကြမ်းကြုတ်ခက်ထန်စွာသော နေ့ကို ကြောက်ရွံ့စိုးရိမ် ကြကုန်၏၊ (ဟုပြောပြကြကုန်၏။)
فَوَقَىٰهُمُ ٱللَّهُ شَرَّ ذَٰلِكَ ٱلْيَوْمِ وَلَقَّىٰهُمْ نَضْرَةًۭ وَسُرُورًۭا
သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ထိုနေ့၏ဘေးအန္တရာယ်မှ လွတ်ကင်းစေတော်မူပေမည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုသူတို့အား ရွှင်လန်းမှုနှင့်လည်းကောင်း၊ ဝမ်းမြောက် ပျော်ရွှင်မှုနှင့် လည်းကောင်း၊ တွေ့ကြုံစေတော်မူပေမည်။
وَجَزَىٰهُم بِمَا صَبَرُوا۟ جَنَّةًۭ وَحَرِيرًۭا
ထိုမှတစ်ပါး ၎င်းတို့အား ထိုအရှင်မြတ်သည် သီးခံခြင်းတရား ထားရှိခဲ့ကြသောကြောင့် "ဂျန္နတ်" သုခဘုံကိုလည်းကောင်း၊ ပိုး(အဝတ်အစားများ) ကိုလည်းကောင်း၊ အစားပေးတော်မူအံ့သတည်း။
مُّتَّكِـِٔينَ فِيهَا عَلَى ٱلْأَرَآئِكِ ۖ لَا يَرَوْنَ فِيهَا شَمْسًۭا وَلَا زَمْهَرِيرًۭا
(၎င်းတို့သည်) ယင်း "ဂျန္နတ်" သုခဘုံ၌ သလွန်များထက်ဝယ် (မှီအုံးများကို) မှီ၍ ထိုင်နေကြပေမည်။ ၎င်းတို့သည် ယင်း "ဂျန္နတ်" သုခဘုံ၌ နေ၏ အပူအရှိန်ကိုလည်းကောင်း၊ ခံရခက်သော အအေးကိုလည်းကောင်း၊ တွေ့ရှိကြမည်မဟုတ်ပေ။
وَدَانِيَةً عَلَيْهِمْ ظِلَٰلُهَا وَذُلِّلَتْ قُطُوفُهَا تَذْلِيلًۭا
၎င်း ပြင် ယင်း(ဂျန္နတ်သုခဘုံမှ) သစ်ပင်များ မှာ၎င်းတို့အပေါ်၌ ကိုင်းညွှတ်လျက်ရှိကြပေမည်။ ထို့ပြင် ယင်း’ဂျန္နတ်’တွင် အပြွတ်လိုက်သီးသော သစ်သီးဝလံတို့မှာ ညွှတ်ကျလျက် ရှိကြပေမည်။
وَيُطَافُ عَلَيْهِم بِـَٔانِيَةٍۢ مِّن فِضَّةٍۢ وَأَكْوَابٍۢ كَانَتْ قَوَارِيرَا۠
ထို့ပြင် ၎င်းတို့ထံ ငွေပန်းကန်များသည်လည်းကောင်း၊ ဖန်ခွက်များသည်လည်းကောင်း၊ လှည့်လည် ရောက်ရှိနေပေမည်။
قَوَارِيرَا۟ مِن فِضَّةٍۢ قَدَّرُوهَا تَقْدِيرًۭا
ငွေဖြင့်ပြီးသော ဖန်များဖြစ်ကြပေမည်။ (ဖြည့်ထားသူတို့သည်) ယင်းဖန်ခွက်များကို သင့်လျော်စွာ ချိန်ဆ၍ ဖြည့်ထားကြပေမည်။
وَيُسْقَوْنَ فِيهَا كَأْسًۭا كَانَ مِزَاجُهَا زَنجَبِيلًا
ထို့ပြင် ၎င်းတို့သည် ယင်း "ဂျန္နတ်"သုခဘုံ၌ ချင်းရောစပ်ထားသော အရက် အပြည့်အလျှံပါသော ခွက်များဖြင့် တိုက်ကျွေးခြင်းကို ခံကြရပေမည်။
عَيْنًۭا فِيهَا تُسَمَّىٰ سَلْسَبِيلًۭا
ယင်း "ဂျန္နတ်"သုခဘုံ၌ရှိသော ‘စလ်စဗီလ်’ ဟူ၍ အမည်သညာ မှည့်ခေါ်ခြင်းခံရသောစမ်းမှ၊
۞ وَيَطُوفُ عَلَيْهِمْ وِلْدَٰنٌۭ مُّخَلَّدُونَ إِذَا رَأَيْتَهُمْ حَسِبْتَهُمْ لُؤْلُؤًۭا مَّنثُورًۭا
ထိုမှတစ်ပါး ၎င်းတို့ထံတွင် အသက်သေဆုံးခြင်းမရှိဘဲ အမြဲထာဝစဉ် နုငယ်လျက် ရှိကြရမည်ဖြစ်သော သူငယ်တို့သည် လှည့်ပတ်သွားလာ (ပြုစု) လျက်ရှိကြပေမည်။ အသင်သည် ၎င်းတို့အား တွေ့မြင်သောအခါ ၎င်းတို့မှာ ကြဲဖြန့်ထားသော ပုလဲများ ဖြစ်သည်ဟူ၍ပင် ထင်မှတ်ပေမည်။
وَإِذَا رَأَيْتَ ثَمَّ رَأَيْتَ نَعِيمًۭا وَمُلْكًۭا كَبِيرًا
၎င်းပြင် အသင်သည် ထိုနေရာတွင် ကြည့်သောအခါ ထူးကဲ ကြီးကျယ်လှစွာသော စည်းစိမ်ကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်မှု၊ ဂုဏ်ရည် အဆင့် အတန်းကိုလည်းကောင်း၊ တွေ့ရှိရပေမည်။
Page 1 of 2 (31 ayahs)