Loading surah...
Back to Burmese Quran
50 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ وَٱلْمُرْسَلَٰتِ عُرْفًۭا
(ငါအရှင်မြတ်သည်) အကျိုးဖြစ်စေအံ့သောငှာ စေလွှတ်ခြင်းခံရသောလေများကို၊ စေလွှတ်ခြင်းခံရသော၊ ဆက်တိုက်၊ တိုက်ခတ်သောလေများကို သက်သေထူတော်မူ၏။
فَٱلْعَٰصِفَٰتِ عَصْفًۭا
တစ်ဖန် (ငါအရှင်မြတ်သည်) ပြင်းထန်စွာ တိုက်ခတ်သောလေများကို သက်သေထူတော်မူ၏။
وَٱلنَّٰشِرَٰتِ نَشْرًۭا
ထို့ပြင် (ငါအရှင်မြတ်သည်) တိမ်များကို ပြန့်နှံ့စေသောလေများကို သက်သေထူတော်မူ၏။
فَٱلْفَٰرِقَٰتِ فَرْقًۭا
တစ်ဖန် (ငါအရှင်မြတ်သည် ယင်းတိမ်များကို)ကစဉ့်ကလျားဖြစ်စေသော လေများကို သက်သေထူတော်မူ၏။
فَٱلْمُلْقِيَٰتِ ذِكْرًا
တစ်ဖန် (ငါအရှင်မြတ်သည် စိတ်နှလုံးများတွင် အလ္လာဟ်အရှင်မြတ်အား) အောက်မေ့တသ သတိရမှု ထည့်သွင်းပေးသောလေများကို သက်သေထူတော်မူ၏။
عُذْرًا أَوْ نُذْرًا
ဝန်ချ တောင်းပန်ရန်သော်လည်းကောင်း၊ သတိပေးနှိုးဆော်ရန်သော်လည်းကောင်း၊ (တစ်နည်း) အကြောင်းပြချက် မပြုနိုင်ရန်သော်လည်းကောင်း၊ သတိပေး နှိုးဆော်ရန်သော်လည်းကောင်း။
إِنَّمَا تُوعَدُونَ لَوَٰقِعٌۭ
ဧကန်မလွဲ အသင်တို့ ချိန်းဆိုခြင်းခံကြရသော ချိန်းဆိုချက်မှာ အမှန်ပင် ဆိုက်လာမည်ဖြစ်၏။
فَإِذَا ٱلنُّجُومُ طُمِسَتْ
စင်စစ်သော်ကား အကြင်ခါဝယ် ကြယ်နက္ခတ်တို့သည် ကွယ်ပျောက်၍ သွားကြရပေမည်။ (တစ်နည်း) ကြယ်နက္ခတ်တို့၏အလင်းရောင်မှာ မှေးမှိန်၍ သွားရပေမည်။
وَإِذَا ٱلسَّمَآءُ فُرِجَتْ
၎င်း ပြင် အကြင်အခါဝယ် မိုးကောင်းကင်သည် အက်ကွဲ၍ သွားရပေမည်။
وَإِذَا ٱلْجِبَالُ نُسِفَتْ
ထို့ပြင် အကြင်အခါဝယ် တောင်များသည် အမြစ်မှလှန်ပစ်ခြင်းကို ခံခဲ့ကြရ(ပြီးလျှင် အစိတ်စိတ် အပိုင်းပိုင်းဖြစ်ကာ လေထဲ၌ လွင့်ပါးလျက်ရှိကြရ)ပေမည်။
وَإِذَا ٱلرُّسُلُ أُقِّتَتْ
ထိုမှတစ်ပါး အကြင်အခါဝယ် (ရစူလ်)တမန်တော်များသည် (သတ်မှတ်ထားသော)အချိန်၌ လာရောက်စုရုံးကြရပေမည်။
لِأَىِّ يَوْمٍ أُجِّلَتْ
ယင်း (အရေးကိစ္စတို့သည်) မည်သည့်နေ့ရက်သို့ ရွှေ့ဆိုင်းခြင်း ခံခဲ့ရသနည်း။
لِيَوْمِ ٱلْفَصْلِ
စီရင်ဆုံးဖြတ်မည့် နေ့သို့ (ရွှေ့ဆိုင်းခြင်းခံခဲ့ရလေ၏။)
وَمَآ أَدْرَىٰكَ مَا يَوْمُ ٱلْفَصْلِ
စင်စစ်သော်ကား (အို-နဗီတမန်တော်)၊ စီရင်ဆုံးဖြတ်မည့်နေ့သည် အဘယ်နည်းဟူ၍ အသင်သိပါသလော။
وَيْلٌۭ يَوْمَئِذٍۢ لِّلْمُكَذِّبِينَ
ထိုနေ့တွင်မူကား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (အကြီးအကျယ်) ပျက်စီးမှုသည် ရှိချေအံ့သတည်း။
أَلَمْ نُهْلِكِ ٱلْأَوَّلِينَ
ငါအရှင်မြတ်သည် ရှေးသူဟောင်းတို့အား ပျက်စီးစေတော်မူခဲ့သည် မဟုတ်လော။
ثُمَّ نُتْبِعُهُمُ ٱلْءَاخِرِينَ
ထို့နောက်တစ်ဖန် ငါအရှင်မြတ်သည် နောင်လာနောက်သားတို့အားလည်း ထိုရှေးသူဟောင်းတို့၏ နောက်သို့ပင် လိုက်စေတော်မူမည်ဖြစ်၏။
كَذَٰلِكَ نَفْعَلُ بِٱلْمُجْرِمِينَ
ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်သူတို့အား ဤအတိုင်း ပြုလုပ်တော်မူလေ့ရှိ၏။
وَيْلٌۭ يَوْمَئِذٍۢ لِّلْمُكَذِّبِينَ
ထို့နေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (အကြီးအကျယ်)ပျက်စီးမှုသည် ရှိပေမည်။
أَلَمْ نَخْلُقكُّم مِّن مَّآءٍۢ مَّهِينٍۢ
ငါအရှင်မြတ်သည် အသင်တို့အား ယုတ်ညံ့သောရေဖြင့် ဖန်ဆင်းတော်မူခဲ့သည် မဟုတ်လော။
Page 1 of 3 (50 ayahs)