Loading surah...
Back to Burmese Quran
40 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ عَمَّ يَتَسَآءَلُونَ
ထို (ကိယာမတ်ကို မယုံကြည်သောသူတို့သည်)မည်သည့်အရာနှင့်စပ်လျဉ်း၍ မိမိတို့ အချင်းချင်း မေးမြန်းလျက် ရှိကြသနည်း။
عَنِ ٱلنَّبَإِ ٱلْعَظِيمِ
၎င်းတို့သည် အကြင် ကြီးကျယ်လှစွာသော(ကိယာမတ်၏)အကြောင်းသတင်းကို (မေးမြန်းလျက် ရှိကြကုန်၏)။
ٱلَّذِى هُمْ فِيهِ مُخْتَلِفُونَ
၎င်းတို့သည် ယင်းအကြောင်းသတင်းနှင့်စပ်လျဉ်း၍ (အမြင်မှန်ရရှိသောသူတို့နှင့် အယူဝါဒ) ကွဲလွဲနေသူများ ဖြစ်ကြကုန်၏။
كَلَّا سَيَعْلَمُونَ
(၎င်းတို့သည် ကိယာမတ် ဖြစ်မည်မဟုတ်ဟု ထင်မှတ်နေကြ၏။) (ထိုသို့) အလျင်းမဟုတ်၊ (ထို ကိယာမတ်သည် မုချ ဆိုက်ရောက်လာမည်ဖြစ်ရာ) ၎င်းတို့သည် မကြာမြင့်မီပင် (ယင်းကိယာမသ်ကို မျက်မြင်ဒိဋ္ဌ တွေ့မြင်)သိရှိရပေမည်။
ثُمَّ كَلَّا سَيَعْلَمُونَ
ထို့နောက်တဖန် (ငါအရှင်မြတ် ထပ်မံ မိန့်ကြားတော်မူအံ့၊ ၎င်းတို့သည် ကိယာမတ်ဖြစ်မည် မဟုတ်ဟု ထင်မှတ်နေကြ၏၊) အလျင်းမဟုတ်၊ (ထို ကိယာမတ်သည် အမှန်ပင်ဆိုက်ရောက်လာမည် ဖြစ်ပေရာ) ၎င်းတို့သည် (မျက်ဝါးထင်ထင်တွေ့မြင်) သိရှိကြရမည်သာ။
أَلَمْ نَجْعَلِ ٱلْأَرْضَ مِهَٰدًۭا
(စင်စစ် ကိယာမတ်မဖြစ်နိုင်ဟု ငြင်းပယ်ခြင်းသည် ငါအရှင်မြတ်၏ တန်ခိုးတော်ကို ငြင်းပယ် စော်ကားခြင်းသာ ဖြစ်ပေသည်။ ငါအရှင်မြတ်၏ ထူးကဲ ဆန်းပြားလှစွာသော တန်ခိုးတော်ကို ၎င်းတို့သည် မတွေ့ကြလေသလော၊)ငါအရှင်မြတ်သည်သာလျှင် ပထဝီမြေကို (လူသတ္တဝါ အပေါင်းတို့၏အကျိုးငှာ) အခင်း ပြုလုပ်တော်မူခဲ့သည် မဟုတ်လော။
وَٱلْجِبَالَ أَوْتَادًۭا
၎င်းပြင် (ငါအရှင်မြတ်သည်ပင် ယင်းပထဝီ မြေတည်ငြိမ်အံ့သောငှာ) တောင်များကို သတ်များ၊ ငုတ်များ၊(ပြုလုပ်တော်မူခဲ့သည် မဟုတ်လော)။
وَخَلَقْنَٰكُمْ أَزْوَٰجًۭا
ထိုမှတစ်ပါး ငါအရှင်မြတ်သည်သာလျှင် အသင်တို့အား (ယောက်ျားနှင့် မိန်းမဟူ၍) အစုံ၊ အစုံ (စုံတွဲများ) ဖန်ဆင်းတော်မူခဲ့၏။
وَجَعَلْنَا نَوْمَكُمْ سُبَاتًۭا
၎င်းပြင် ငါအရှင်မြတ်သည်သာလျှင် အသင်တို့၏အိပ်စက်ခြင်းကို (အသင်တို့အဖို့) အပန်းဖြေမှု ပြုလုပ်တော်မူခဲ့၏။
وَجَعَلْنَا ٱلَّيْلَ لِبَاسًۭا
ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် ညဉ့်ကို(အသင်တို့အကျိုးငှာ) ဝတ်ရုံ(အကာအကွယ်) ပြုလုပ်တော်မူခဲ့၏။
وَجَعَلْنَا ٱلنَّهَارَ مَعَاشًۭا
ထို့မှတစ်ပါး ငါအရှင်မြတ်သည်သာလျှင် နေ့ကို(အသင်တို့အဖို့) အသက်မွေးဝမ်းကျောင်းပြုရန် အချိန် ပြုလုပ်တော်မူခဲ့၏။
وَبَنَيْنَا فَوْقَكُمْ سَبْعًۭا شِدَادًۭا
ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် အသင်တို့ထက်ဝယ် အလွန်ခိုင်ခန့်လှစွာသော မိုးခုနှစ်ထပ်ကို ဆောက်လုပ်တော်မူခဲ့၏။
وَجَعَلْنَا سِرَاجًۭا وَهَّاجًۭا
ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် (ယင်းမိုးကောင်းကင်၌) လင်းဝင်းတောက်ပလှစွာသော ဆီမီးတစ်ခုကိုဖန်ဆင်းတော်မူခဲ့၏။
وَأَنزَلْنَا مِنَ ٱلْمُعْصِرَٰتِ مَآءًۭ ثَجَّاجًۭا
ထိုမှတစ်ပါး ငါအရှင်မြတ်သည်သာလျှင် ညှစ်ထုတ်သောတိမ်များမှ (ရေအပြည့်ရှိသောမိုးတိမ်များမှ) (မိုး)ရေကို သည်းထန်စွာ ရွာသွန်းစေတော်မူခဲ့၏။
لِّنُخْرِجَ بِهِۦ حَبًّۭا وَنَبَاتًۭا
(ယင်းမိုးရေကို ရွာသွန်းစေတော်မူခြင်းမှာ) ငါအရှင်မြတ်သည် ထိုမိုးရေဖြင့် ကောက်ပဲသီးနှံများကိုလည်းကောင်း၊ ဟင်းသီးဟင်းရွက်ပင်များကိုလည်းကောင်း၊ ပေါက်ရောက်စေတော်မူရန်လည်း ဖြစ်ပေသည်။
وَجَنَّٰتٍ أَلْفَافًا
၎င်း ပြင် ပူးကပ်ထူထပ်သော ဥယျာဉ်များ(ပေါက်ရောက်စေတော်မူရန်လည်း) ဖြစ်ပေသတည်း။
إِنَّ يَوْمَ ٱلْفَصْلِ كَانَ مِيقَٰتًۭا
ဧကန်မလွဲ စီရင်ဆုံးဖြတ်မည့်နေ့ကား သတ်မှတ်ပြီးဖြစ်သော အချိန်ကာလတစ်ခုပင် ဖြစ်ပေသည်၊
يَوْمَ يُنفَخُ فِى ٱلصُّورِ فَتَأْتُونَ أَفْوَاجًۭا
အကြင်နေ့တွင် တံပိုးခရာမှုတ်ခြင်း ခံရပေမည်။ထိုအခါ အသင်တို့သည် အစုလိုက်၊ အစုလိုက် လာကြပေမည်။
وَفُتِحَتِ ٱلسَّمَآءُ فَكَانَتْ أَبْوَٰبًۭا
၎င်းပြင် (ထိုနေ့တွင်) မိုးကောင်ကင်သည် ပွင့်သွားပေမည်။ ထိုအခါ ယင်းမိုးကောင်းကင်၌ တံခါးများသာ ဖြစ်သွားကြပေမည်။
وَسُيِّرَتِ ٱلْجِبَالُ فَكَانَتْ سَرَابًا
ထို့ပြင် (ထိုနေ့တွင်) တောင်များသည် ရွေ့လျားစေခြင်းကို ခံကြရပေမည်။ ထိုအခါ ယင်းတောင်များသည် သဲ(များပမာ) (လင်းလျှပ်ပမာ) ဖြစ်သွားကြပေမည်။
Page 1 of 2 (40 ayahs)