Loading surah...
Back to Burmese Quran
109 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ الٓر ۚ تِلْكَ ءَايَٰتُ ٱلْكِتَٰبِ ٱلْحَكِيمِ
အလာစ်ဖ်၊ လမ်၊ ရာ။ ဤသည် ဉာဏ်ပညာနှင့်ပြည့်စုံသော (ခိုင်မာသော) ကျမ်းတော်မြတ်၏ အာယတ်တော်များပင်တည်း။
أَكَانَ لِلنَّاسِ عَجَبًا أَنْ أَوْحَيْنَآ إِلَىٰ رَجُلٍۢ مِّنْهُمْ أَنْ أَنذِرِ ٱلنَّاسَ وَبَشِّرِ ٱلَّذِينَ ءَامَنُوٓا۟ أَنَّ لَهُمْ قَدَمَ صِدْقٍ عِندَ رَبِّهِمْ ۗ قَالَ ٱلْكَٰفِرُونَ إِنَّ هَٰذَا لَسَٰحِرٌۭ مُّبِينٌ
ငါအရှင်မြတ်သည် ၎င်း တို့အနက်မှပင် လူတစ်ဦး၏ထံသို့ အသင်သည် လူခပ်သိမ်းတို့အား သတိ ပေးနှိုးဆော်ပါလေ ဟူ၍လည်းကောင်း၊ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ထိုသူတို့၏အရှင်မြတ် အထံတော်၌ ထိုသူတို့အဖို့ မြင့်မြတ်သော အဆင့်အတန်းရှိသည်ဟု သတင်းကောင်းပြောကြားပါလေ ဟူ၍လည်းကောင်း၊ ဝဟီ အမိန့်ဗျာဒိတ်တော် ချပေးတော်မူခြင်းသည် လူတို့၌အံ့ဩဖွယ်ဖြစ်နေပါသလော၊ ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့ကမူ (ထိုသူနှင့်ပတ်သက်၍)ဤသူကား ထင်ရှားသော စုန်းကဝေ အမှန်ပင်ဖြစ်သည် ဟုပြောဆိုကြကုန်၏။
إِنَّ رَبَّكُمُ ٱللَّهُ ٱلَّذِى خَلَقَ ٱلسَّمَٰوَٰتِ وَٱلْأَرْضَ فِى سِتَّةِ أَيَّامٍۢ ثُمَّ ٱسْتَوَىٰ عَلَى ٱلْعَرْشِ ۖ يُدَبِّرُ ٱلْأَمْرَ ۖ مَا مِن شَفِيعٍ إِلَّا مِنۢ بَعْدِ إِذْنِهِۦ ۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمْ فَٱعْبُدُوهُ ۚ أَفَلَا تَذَكَّرُونَ
ဧကန်စင်စစ် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မိုးကောင်းကင် များကိုလည်းကောင်း၊ပထဝီမြေကိုလည်းကောင်း၊ ခြောက်ရက်တွင် ဖန်ဆင်းတော်မူခဲ့ လေသည်။ ထို့နောက် ထိုအရှင်မြတ်သည် အရ်ရ်ှ ပလ္လင်တော်ထက်၌ တည်နေတော်မူခဲ့လေသည်။ ထိုအရှင်မြတ်သည်ပင်အမှုကိစ္စ အရပ်ရပ်တို့ကို စီမံခန့်ခွဲတော်မူ၏။ မည်သူမဆိုထိုအရှင်မြတ် ခွင့်ပြုတော်မူပြီးမှသာလျှင် ကြားဝင်အသနားခံပေးနိုင်မည်ဖြစ်၏။ ထိုအရှင်မြတ်သည်ပင် အသင်တို့အားဖန်ဆင်းမွေးမြူ တော်မူသောအလ္လာဟ်အရှင် ဖြစ်တော်မူပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အား သာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ သို့ပါလျက် အသင်တို့သည်သတိတရား မရရှိကြသေးသလော။
إِلَيْهِ مَرْجِعُكُمْ جَمِيعًۭا ۖ وَعْدَ ٱللَّهِ حَقًّا ۚ إِنَّهُۥ يَبْدَؤُا۟ ٱلْخَلْقَ ثُمَّ يُعِيدُهُۥ لِيَجْزِىَ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ بِٱلْقِسْطِ ۚ وَٱلَّذِينَ كَفَرُوا۟ لَهُمْ شَرَابٌۭ مِّنْ حَمِيمٍۢ وَعَذَابٌ أَلِيمٌۢ بِمَا كَانُوا۟ يَكْفُرُونَ
ထိုအရှင်မြတ် အထံတော်သို့သာလျှင် အသင်တို့အားလုံး (စုရုံးလျက်) ပြန်လည်ရောက်ရှိကြမည်ဖြစ်၏။ (ဤသည်) အလ္လာဟ်အရှင်မြတ်အထံတော်မှ မှန်ကန်စွာကတိပြုတော်မူခြင်းပင်ဖြစ်ပေ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည်ပင်ဖန်ဆင်း ခြင်းခံရသည်များကို ပထမအကြိမ်လည်း စတင်ဖန်ဆင်းတော်မူခဲ့လေသည်။ ထို့နောက် ထိုအရှင်မြတ် သည်ပင်လျှင် ယင်းဖန်ဆင်းခြင်း ခံရသည်များကို တစ်ဖန်ပြန်၍ ဖန်ဆင်းတော်မူမည်ဖြစ်သည်။ (ဤသို့ တစ်ဖန်ပြန်၍ ဖန်ဆင်းတော်မူခြင်းကား) ထိုအရှင်မြတ်သည် အီမာန်သက်ဝင်ယုံကြည်မှု ထားရှိ ကြသော ကောင်းမြတ်သောအကျင့်သီလများကိုဆောက်တည်ကြသောသူတို့အား တရားမျှတစွာဖြင့် အကျိုးပေးတော်မူခြင်းငှာ ဖြစ်ချေသည်။ သို့ရာတွင် ကာဖိရ်မယုံမကြည်သွေဖည်ငြင်းပယ်သူတို့၌မူကား ၎င်း တို့သည် သွေဖည် ငြင်းပယ်လျက် ရှိခဲ့ကြသောကြောင့် လွန်စွာ ဆူပွက်ပူလောင်သော ရေနွေးကို သောက်သုံးခြင်းသည်လည်းကောင်း၊ နာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်သည် လည်းကောင်း၊ ရှိချေအံ့သတည်း။
هُوَ ٱلَّذِى جَعَلَ ٱلشَّمْسَ ضِيَآءًۭ وَٱلْقَمَرَ نُورًۭا وَقَدَّرَهُۥ مَنَازِلَ لِتَعْلَمُوا۟ عَدَدَ ٱلسِّنِينَ وَٱلْحِسَابَ ۚ مَا خَلَقَ ٱللَّهُ ذَٰلِكَ إِلَّا بِٱلْحَقِّ ۚ يُفَصِّلُ ٱلْءَايَٰتِ لِقَوْمٍۢ يَعْلَمُونَ
ထို(အလ္လာဟ်)အရှင်မြတ်သည်ပင်လျှင်နေကိုထွန်းတောက်စွာလည်းကောင်း၊ လကို လင်းဝင်းစွာ လည်းကောင်း၊ ပြုလုပ်တော်မူခဲ့သောအရှင် ဖြစ်တော်မူပေသည်။ထို့ပြင် ထိုအရှင်မြတ်သည် နှစ်များ၏ အရေအတွက်ကိုလည်းကောင်း၊ စာရင်းကိုလည်းကောင်း၊ အသင်တို့ သိနားလည်ကြအံ့သောငှာ၊ ယင်းလစန္ဒာ(သွားလာရန်)စခန်းများကို သတ်မှတ်၍ပေးတော်မူခဲ့လေသည်။ အလ္လာဟ်အရှင်မြတ်သည် ဤသည်(တို့)ကို မှန်ကန်သော ရည်ရွယ်ချက်နှင့်သာလျှင် ဖန်ဆင်းတော်မူခဲ့လေသည်။ ထိုအရှင်မြတ်သည် သိနားလည်သူတို့အကျိုးငှာသက်သေလက္ခဏာရပ်တို့ကို အသေးစိတ် ရှင်းလင်းဖော်ပြတော်မူလေသည်။
إِنَّ فِى ٱخْتِلَٰفِ ٱلَّيْلِ وَٱلنَّهَارِ وَمَا خَلَقَ ٱللَّهُ فِى ٱلسَّمَٰوَٰتِ وَٱلْأَرْضِ لَءَايَٰتٍۢ لِّقَوْمٍۢ يَتَّقُونَ
ဧကန်မလွဲ ညဉ့်နှင့်နေ့တို့၏ပြောင်းလွဲမှု၌ လည်းကောင်း၊ မိုးကောင်းကင်များနှင့်ပထဝီမြေတွင် အလ္လာဟ် အရှင်မြတ် ဖန်ဆင်းထားတော်မူသော အရာများ၌လည်းကောင်း၊(အလ္လာဟ်အရှင်မြတ်အား)ကြောက်ရွံ့ရိုသေ ခန့်ညားသူတို့အဖို့သက်သေလက္ခဏာများသည် ဧကန်မုချ ရှိချေသည်။
إِنَّ ٱلَّذِينَ لَا يَرْجُونَ لِقَآءَنَا وَرَضُوا۟ بِٱلْحَيَوٰةِ ٱلدُّنْيَا وَٱطْمَأَنُّوا۟ بِهَا وَٱلَّذِينَ هُمْ عَنْ ءَايَٰتِنَا غَٰفِلُونَ
ဧကန်အမှန် အကြင်သူတို့သည် ငါအရှင်မြတ်နှင့် တွေ့ဆုံခြင်းကို မမျှော်လင့်ကြချေ။ ထို့ပြင် ၎င်း တို့သည်လောကီဘဝကိုပင် ကျေနပ်၍ ထိုလောကီ ဘဝနှင့်ပင် နှစ်သိမ့်စိတ်ဝင်စားကာ အာရုံစိုက်၍ နေခဲ့ကြလေသည်။ ၎င်း ပြင်အကြင်သူတို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာများကိုမေ့လျော့၊ လျစ်လျူရှုသူများ ဖြစ်ကြကုန်၏။
أُو۟لَٰٓئِكَ مَأْوَىٰهُمُ ٱلنَّارُ بِمَا كَانُوا۟ يَكْسِبُونَ
ထိုသူများပင် ၎င်း တို့သည်(ပြစ်မှုဒုစရိုက်များကို)ရှာဖွေဆည်းပူးလျက် ရှိခဲ့ကြသောကြောင့် ၎င်း တို့၏ ခိုကိုးရာဌာနသည် ဂျဟန္နမ်ငရဲဘုံပင် ဖြစ်လတ္တံ့။
إِنَّ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ يَهْدِيهِمْ رَبُّهُم بِإِيمَٰنِهِمْ ۖ تَجْرِى مِن تَحْتِهِمُ ٱلْأَنْهَٰرُ فِى جَنَّٰتِ ٱلنَّعِيمِ
ဧကန်စင်စစ် အကြင်သူများသည် သက်ဝင်ယုံကြည်ခဲ့ကြ၏။ ၎င်း ပြင် ထိုသူများသည် ကောင်းမြတ်သောအကျင့်သီလများကို ပြုလုပ်ဆောက်တည်ကြ၏။ ၎င်း တို့အား၎င်း တို့ကို ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည် ၎င်း တို့၏ အီမာန်သက်ဝင်ယုံကြည်မှုကြောင့် ချမ်းသာသုခနှင့် ပြည့်စုံသော ဥယျာဉ်များသို့ ပို့ဆောင်တော်မူမည် ဖြစ်သည်။ ၎င်း တို့(နေထိုင်ရာ)အောက်၌ စမ်းရေချောင်းများ စီးတွေလျက်ရှိပေမည်။
دَعْوَىٰهُمْ فِيهَا سُبْحَٰنَكَ ٱللَّهُمَّ وَتَحِيَّتُهُمْ فِيهَا سَلَٰمٌۭ ۚ وَءَاخِرُ دَعْوَىٰهُمْ أَنِ ٱلْحَمْدُ لِلَّهِ رَبِّ ٱلْعَٰلَمِينَ
ယင်းသုခဘုံနန်းဥယျာဉ်များတွင် ထိုသူတို့၏စကားသည် အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါ၏ ဟူ၍လည်းကောင်း၊ ထိုသူတို့၏နှုတ်ခွန်းဆက်ခြင်းသည် စလာမ်ဟူ၍လည်းကောင်း၊ ထိုသူတို့၏နောက်ဆုံး (နိဂုံးချုပ်) စကားသည် ချီးမွမ်းထောမနာပြုခြင်းအပေါင်းတို့အား စကြဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ အပ်စပ်သည်ဟူ၍ လည်းကောင်း ဖြစ်အံ့သတည်း။
۞ وَلَوْ يُعَجِّلُ ٱللَّهُ لِلنَّاسِ ٱلشَّرَّ ٱسْتِعْجَالَهُم بِٱلْخَيْرِ لَقُضِىَ إِلَيْهِمْ أَجَلُهُمْ ۖ فَنَذَرُ ٱلَّذِينَ لَا يَرْجُونَ لِقَآءَنَا فِى طُغْيَٰنِهِمْ يَعْمَهُونَ
၎င်း ပြင် အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် လူများထံသို့ ၎င်း တို့အကောင်းကို အလျင်အမြန်တောင်းဆိုသကဲ့သို့ အဆိုးကို ပို့ဆောင်(သက်ရောက်) စေတော်မူပါလျှင် ၎င်း တို့၏သက်တမ်းသည် မုချ အဆုံးသတ်ပြီး ဖြစ်ချေမည်။ သို့ရာတွင် ငါအရှင်မြတ်သည် ငါအရှင်မြတ် နှင့်တွေ့ရမည်ကို မမျှော်လင့်သောသူများအား ၎င်း တို့၏ မောက်မာဆိုးသွမ်းမှု၌ တဝေ့လည်လည် ဖြစ်ရှိနေကြရန် စွန့်ပစ်၍ ထားတော်မူသည်။
وَإِذَا مَسَّ ٱلْإِنسَٰنَ ٱلضُّرُّ دَعَانَا لِجَنۢبِهِۦٓ أَوْ قَاعِدًا أَوْ قَآئِمًۭا فَلَمَّا كَشَفْنَا عَنْهُ ضُرَّهُۥ مَرَّ كَأَن لَّمْ يَدْعُنَآ إِلَىٰ ضُرٍّۢ مَّسَّهُۥ ۚ كَذَٰلِكَ زُيِّنَ لِلْمُسْرِفِينَ مَا كَانُوا۟ يَعْمَلُونَ
သို့ရာတွင် လူသား၌ ဘေးဒုက္ခ(အချို့) ဆိုက်ရောက်လာသောအခါ ၎င်း သည် ငါအရှင်မြတ်အား လဲလျောင်းလျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ မတ်တတ်ရပ်လျက်ဖြစ်စေ ဟစ်ခေါ်လေတော့၏။ တစ်ဖန် ငါအရှင်မြတ်သည် ၎င်း ၏ဘေးဒုက္ခ ကို ကင်းဝေးပပျောက်စေတော်မူခဲ့သည်ရှိသော် ၎င်း သည်ငါအရှင်မြတ်အား မိမိ၌ ဆိုက်ရောက်ခဲ့သော ဘေးဒုက္ခအတွက်(တစ်ကြိမ်တစ်ခါမျှ) ဟစ်ခေါ်ခြင်း မပြုခဲ့ဘိသကဲ့သို့ပင် ဖြစ်သွားပြန်၏။ ဤကဲ့သို့ပင် စည်းမဲ့ကမ်းမဲ့ ပြုလုပ်သော သူတို့အမြင်၌ ၎င်း တို့ ပြုလုပ်လျက် ရှိခဲ့သည်များသည် လှပတင့်တယ်စွာ တွေ့မြင်ရလေသတည်း။
وَلَقَدْ أَهْلَكْنَا ٱلْقُرُونَ مِن قَبْلِكُمْ لَمَّا ظَلَمُوا۟ ۙ وَجَآءَتْهُمْ رُسُلُهُم بِٱلْبَيِّنَٰتِ وَمَا كَانُوا۟ لِيُؤْمِنُوا۟ ۚ كَذَٰلِكَ نَجْزِى ٱلْقَوْمَ ٱلْمُجْرِمِينَ
ထို့ပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အလျင်(များစွာသော)အမျိုးနွယ်များကို ၎င်း တို့ မတော်မတရားကျူးလွန်ခဲ့ကြသောအခါ ဖျက်ဆီးတော်မူခဲ့လေသည်။ အမှန်စင်စစ်သော်ကား ၎င်း တို့ထံ ၎င်း တို့၏ ရစူလ်တမန်တော်များသည် ထင်ရှားလှစွာသောသက်သေ၊ လက္ခဏာတော်များကိုယူဆောင်လာခဲ့ကြကုန်၏။ စင်စစ်သော်ကား ၎င်း တို့သည်သက်ဝင်ယုံကြည်ကြမည့်သူများ မဟုတ်ကြချေ။ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်သူတို့အား ဤကဲ့သို့ပင်အစားပေးတော်မူလေသည်။
ثُمَّ جَعَلْنَٰكُمْ خَلَٰٓئِفَ فِى ٱلْأَرْضِ مِنۢ بَعْدِهِمْ لِنَنظُرَ كَيْفَ تَعْمَلُونَ
ထို့နောက် ငါအရှင်မြတ်သည် ၎င်း တို့၏နောက်အသင်တို့ မည်သို့ပြုလုပ်ကြသည်ကို ကြည့်ရှုတော်မူရန် အသင်တို့အား ကမ္ဘာမြေပြင်ဝယ် ကိုယ်စားလှယ်များ ပြုလုပ် တော်မူသတည်း။
وَإِذَا تُتْلَىٰ عَلَيْهِمْ ءَايَاتُنَا بَيِّنَٰتٍۢ ۙ قَالَ ٱلَّذِينَ لَا يَرْجُونَ لِقَآءَنَا ٱئْتِ بِقُرْءَانٍ غَيْرِ هَٰذَآ أَوْ بَدِّلْهُ ۚ قُلْ مَا يَكُونُ لِىٓ أَنْ أُبَدِّلَهُۥ مِن تِلْقَآئِ نَفْسِىٓ ۖ إِنْ أَتَّبِعُ إِلَّا مَا يُوحَىٰٓ إِلَىَّ ۖ إِنِّىٓ أَخَافُ إِنْ عَصَيْتُ رَبِّى عَذَابَ يَوْمٍ عَظِيمٍۢ
၎င်း ပြင် ထိုသူတို့ရှေ့ဝယ် ငါအရှင်မြတ်၏ ထင်ရှားလှစွာသော အာယတ်တော်များကို ဖတ်ကြား ခဲ့သောအခါ၊ငါအရှင်မြတ်နှင့်တွေ့ဆုံရန် မမျှော်လင့်သောသူတို့က အသင်သည် ဤမှတစ်ပါးအခြား ကုရ်အာန်ကိုယူခဲ့ပါလေ။ သို့တည်းမဟုတ် ဤသည်ကိုပင် ပြောင်းလဲ၍ပေးပါလေ ဟုပြောဆိုကြကုန်၏။ အသင်သည် (၎င်း တို့အား ဤသို့) ပြောကြားပါလေ။(ဟယ်-အချင်းတို့) ငါ၏အဖို့ ဤကုရ်အာန်၌ မိမိ ၏စိတ်အလိုအလျောက် ပြောင်းလဲခွင့်မရှိချေ။ ငါသည် မိမိထံညွှန်ကြားခြင်းခံရသော အမိန့်ကိုသာလိုက်နာ၏။ အကယ်၍ ငါသည်မိမိအရှင်မြတ်၏ အမိန့်တော်ကို ဖီဆန်မိပါလျှင် ကြီးကျယ်သော (ကိယာမတ်)နေ့၏အပြစ်ဒဏ်ကို ငါစိုးရိမ်ရသည်။
قُل لَّوْ شَآءَ ٱللَّهُ مَا تَلَوْتُهُۥ عَلَيْكُمْ وَلَآ أَدْرَىٰكُم بِهِۦ ۖ فَقَدْ لَبِثْتُ فِيكُمْ عُمُرًۭا مِّن قَبْلِهِۦٓ ۚ أَفَلَا تَعْقِلُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အားဤသို့)ပြောကြားပလေ။ (ဟယ်-အချင်းတို့)အကယ်၍အလ္လာဟ်အရှင်မြတ်သည် (ဤအတိုင်း) အလိုရှိတော်မူခဲ့ပါလျှင် ငါသည်လည်း ထို (ကုရ်အာန်) ကို အသင်တို့ရှေ့ဝယ် ဖတ်ကြားနိုင်မည်မဟုတ်။ ထိုအရှင်မြတ်သည်လည်း အသင်တို့အား ယင်း(ကုရ်အာန်)နှင့်စပ်လျင်း၍ အသိပေးတော်မူမည်မဟုတ်။ တစ်ဖန်ဧကန်စင်စစ် ငါသည် ထို(ကုရ်အာန်)မကျရောက်မီ အလျင်ကလည်း အသင်တို့အထဲတွင် တစ်သက်တာမျှ နေခဲ့ပြီး ဖြစ်ပေသည်။ သို့ပါလျက် အသင်တို့သည် နားမလည်ကြလေသလော။
فَمَنْ أَظْلَمُ مِمَّنِ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوْ كَذَّبَ بِـَٔايَٰتِهِۦٓ ۚ إِنَّهُۥ لَا يُفْلِحُ ٱلْمُجْرِمُونَ
သို့ဖြစ်ပေရာ အကြင်သူထက် ပိုမို၍ မတရားသောသူသည် မည်သူရှိဦးမည်နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို ကြံဖန်လီဆယ်၍ စွပ်စွဲခဲ့လေသည်။ သို့တည်းမဟုတ် ထိုသူသည် ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့လေသည်။ ဧကန် စင်စစ် ပြစ်မှုကျူးလွန်သူတို့သည် အောင်မြင်မှုအလျင်းရရှိကြမည် မဟုတ်ပေတကား။
وَيَعْبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَضُرُّهُمْ وَلَا يَنفَعُهُمْ وَيَقُولُونَ هَٰٓؤُلَآءِ شُفَعَٰٓؤُنَا عِندَ ٱللَّهِ ۚ قُلْ أَتُنَبِّـُٔونَ ٱللَّهَ بِمَا لَا يَعْلَمُ فِى ٱلسَّمَٰوَٰتِ وَلَا فِى ٱلْأَرْضِ ۚ سُبْحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يُشْرِكُونَ
စင်စစ်သော်ကား ၎င်း တို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်ပယ်၍ အကြင်အရာများကို ကိုးကွယ်ဆည်းကပ်ကြလေသည်။ ထိုအရာများသည် ၎င်း တို့အား အကျိုးယုတ်စေနိုင်ကြသည်လည်း မဟုတ်ပေ။ ထို့ပြင် ထိုအရာများသည်၎င်း တို့အား အကျိုး ဖြစ်ထွန်းစေနိုင်ကြသည်လည်း မဟုတ်ပေ။ထိုမှတပါး ၎င်း တို့က ဤသည်တို့ကား ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်အထံတော်၌ ကြားဝင် အသနားခံပေးမည့်အရာများပင်ဖြစ်ကြသည်ဟု ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်)အသင်သည် (၎င်း တို့အား ဤသို့)ပြောြားပါလေ။ (အချင်းတို့)အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ထိုအရှင်မြတ်သိတော်မမူသောအရာနှင့်စပ်လျဉ်း၍ သတင်းပေးကြသလော။ ထိုအရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူသည့်အပြင် ထိုအရှင်မြတ်သည် ၎င်း တို့တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြကုန်သောအရာများထက် မြင့်မြတ်လှတော်မူ၏။
وَمَا كَانَ ٱلنَّاسُ إِلَّآ أُمَّةًۭ وَٰحِدَةًۭ فَٱخْتَلَفُوا۟ ۚ وَلَوْلَا كَلِمَةٌۭ سَبَقَتْ مِن رَّبِّكَ لَقُضِىَ بَيْنَهُمْ فِيمَا فِيهِ يَخْتَلِفُونَ
စင်စစ်သော်ကား လူသားတို့သည်(ယခင်မူလက)ဘာသာဝါဒ တူညီသော လူတစ်စုတည်းသာလျှင် ဖြစ်ခဲ့ကြကုန်၏။ ထို့နောက် ၎င်း တို့သည်(ဘာသာဝါဒ၌)သဘောကွဲလွဲခဲ့ကြကုန်၏။ စင်စစ် သော်ကား အကယ်၍သာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ စကားတစ်ရပ်သည် ရှေးဦးပထမကပင် ရှိနှင့်ခဲ့ပြီး မဖြစ်ပါလျှင် မုချဧကန်၎င်း တို့အချင်းချင်း သဘောကွဲလွဲနေသော အရာနှင့်စပ်လျဉ်း၍စီရင်ဆုံးဖြတ်ပြီး ဖြစ်ချိမ့်မည်။
وَيَقُولُونَ لَوْلَآ أُنزِلَ عَلَيْهِ ءَايَةٌۭ مِّن رَّبِّهِۦ ۖ فَقُلْ إِنَّمَا ٱلْغَيْبُ لِلَّهِ فَٱنتَظِرُوٓا۟ إِنِّى مَعَكُم مِّنَ ٱلْمُنتَظِرِينَ
ထိုမှတစ်ပါး ၎င်း တို့သည် (ဤသို့)ပြောဆိုကြကုန်၏။ အဘယ်ကြောင့် ထို(ရစူလ်တမန်တော်မြတ်) ၏အပေါ်၌၎င်း ၏ အရှင်မြတ်အထံတော်မှ သက်သေလက္ခဏာ တစ်စုံတစ်ရာ မကျရောက်ခဲ့ပါသနည်း။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)အသင်သည ်(၎င်း တို့အား ဤသို့)ဖြေကြားပါလေ။ အကယ်စင်စစ် အကွယ်၌ရှိသမျှတို့ကို အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် စောင့်မျှော်၍နေကြလေကုန်။ ငါသည်လည်း အသင်တို့နှင့်အတူ စောင့်မျှော်သူတို့တွင် တဦးအပါအဝင် ဖြစ်သတည်း။
Page 1 of 6 (109 ayahs)