Loading surah...
Back to Burmese Quran
123 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ الٓر ۚ كِتَٰبٌ أُحْكِمَتْ ءَايَٰتُهُۥ ثُمَّ فُصِّلَتْ مِن لَّدُنْ حَكِيمٍ خَبِيرٍ
အလစ်ဖ်၊ လာမ်၊ ရာ။ ဤသည် အကြင်ကျမ်းဂန်တော်တစ်ဆူတည်း၊ ထိုကျမ်းဂန်၏ အာယတ်တော်များသည် မြဲမြံခိုင်ခံ့အောင်ပြုလုပ်ပြီးဖြစ်ချေသည်။ ထို့ပြင်တဝထိုအာယတ်တော်များသည် ကျိုးကြောင်းဆင်ခြင်တုံ တရားနှင့်ပြည့်စုံတော်မူသော အကြွင်းမဲ့သိမြင်တော် မူသောအရှင်မြတ်အထံတော်မှ အသေးစိတ် ရှင်းလင်းဖော်ပြပြီး ဖြစ်ပေသည်။
أَلَّا تَعْبُدُوٓا۟ إِلَّا ٱللَّهَ ۚ إِنَّنِى لَكُم مِّنْهُ نَذِيرٌۭ وَبَشِيرٌۭ
အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှ တစ်ပါးတစ်စုံတစ်ရာကိုမျှ မကိုးကွယ်၊ မဆည်းကပ် ကြကုန်လင့်။ဧကန်စင်စစ် ငါသည် အသင်တို့အဖို့ ထို အရှင်မြတ်အထံတော်မှ သတိပေးနှိုးဆော်သူနှင့် ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းယူလာသူ ဖြစ်ပေသတည်း။
وَأَنِ ٱسْتَغْفِرُوا۟ رَبَّكُمْ ثُمَّ تُوبُوٓا۟ إِلَيْهِ يُمَتِّعْكُم مَّتَٰعًا حَسَنًا إِلَىٰٓ أَجَلٍۢ مُّسَمًّۭى وَيُؤْتِ كُلَّ ذِى فَضْلٍۢ فَضْلَهُۥ ۖ وَإِن تَوَلَّوْا۟ فَإِنِّىٓ أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍۢ كَبِيرٍ
ထို့ပြင် အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားကြလေကုန်။ ထို့နောက် အသင်တို့သည် ထိုအရှင်မြတ်အထံတော်၌ ဝန်ချတောင်းပန်လျက်ရှိကြလေကုန်။ထိုအရှင်မြတ်သည် အသင်တို့အား သတ်မှတ်ပြီးဖြစ်သောအချိန်ကာလ တိုင်အောင် ကောင်းမွန်လှစွာသော စည်းစိမ်များကို ခံစားစေတော်မူမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်အကျင့်အမူအားဖြင့် ပိုမိုသောသူတိုင်းကို ၎င်း၏ပိုမို(၍ရထိုက်)သောအကျိုးကို ချီးမြှင့်ပေးသနားတော်မူပေမည်။ သို့ရာတွင်အကယ်၍၊ အသင်တို့သည် မျက်နှာလွှဲဖယ်လျက် ပင်ရှိကြပါလျှင် ငါသည် အသင်တို့နှင့်ပတ်သက်၍ ကြီးကျယ်သော နေ့၏ပြစ်ဒဏ်ကို စိုးရိမ်လေသတည်း။
إِلَى ٱللَّهِ مَرْجِعُكُمْ ۖ وَهُوَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌ
အသင်တို့၏ ပြန်လည်ခြင်းသည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ပင်ဖြစ်၏။ ၎င်းပြင် ထိုအရှင်မြတ်သည်အရာခပ်သိမ်းတို့ကို ပြုနိုင် စွမ်းနိုင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
أَلَآ إِنَّهُمْ يَثْنُونَ صُدُورَهُمْ لِيَسْتَخْفُوا۟ مِنْهُ ۚ أَلَا حِينَ يَسْتَغْشُونَ ثِيَابَهُمْ يَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ ۚ إِنَّهُۥ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ
သတိပြုကြလေကုန်၊ ဧကန်မလွဲ ၎င်းတို့သည်(မိမိတို့၏စကားများကို) အလ္လာဟ်အရှင်မြတ်အပေါ် ၌လျှို့ဝှက်ဖုံးအုပ်နိုင်ကြရန် မိမိတို့၏ ရင်ဘတ်စိတ်ကို ခေါက်ကြလေသည်။ သတိပြုကြလေကုန်။ ထိုသူတို့သည် မိမိတို့၏အဝတ်အထည်များကို လွှမ်းခြုံကြသောအခါ(၌လည်း)ထိုအရှင်မြတ်သည် ထိုသူတို့ ဖုံးကွယ်ထားကြသည်များ ကိုလည်းကောင်း၊ ယင်းသူတို့ ထင်ရှားစေကြသည်များကိုလည်းကောင်း၊သိရှိတော်မူ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စတ်နှလုံးအတွင်း ကိန်းအောင်းလျက်ရှိသည်တို့ကို အကြွင်းမဲ့ သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
۞ وَمَا مِن دَآبَّةٍۢ فِى ٱلْأَرْضِ إِلَّا عَلَى ٱللَّهِ رِزْقُهَا وَيَعْلَمُ مُسْتَقَرَّهَا وَمُسْتَوْدَعَهَا ۚ كُلٌّۭ فِى كِتَٰبٍۢ مُّبِينٍۢ
အမှန်သော်ကား ကမ္ဘာမြေဝယ် ရှိရှိသမျှသော(သွားလာသော)သက်ရှိသတ္တဝါအပေါင်းတို့ကို စားနပ်ရိက္ခာပေးသနားတော်မူ ရန် အလ္လာဟ်အရှင်မြတ်အပေါ်၌တာဝန်ဖြစ်ပေသည်။ (ဝါ)မိမိ ကိုယ်တော်တိုင် တာဝန်ယူထားတော်မူပေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းသတ္တဝါများ၏ တာရှည်နေထိုင်ရာဌာနများကိုလည်းကောင်း၊ ခေတ္တနေထိုင်ရာဌာနများကိုလည်းကောင်း၊ သိရှိတော်မူပေသည်။ အလုံးစုံတို့ကား ထင်ရှားလှစွာသော(မှတ်တမ်း)တွင်(လည်းရေးသားပြီး) ရှိနေ၏ပေသတည်း။
وَهُوَ ٱلَّذِى خَلَقَ ٱلسَّمَٰوَٰتِ وَٱلْأَرْضَ فِى سِتَّةِ أَيَّامٍۢ وَكَانَ عَرْشُهُۥ عَلَى ٱلْمَآءِ لِيَبْلُوَكُمْ أَيُّكُمْ أَحْسَنُ عَمَلًۭا ۗ وَلَئِن قُلْتَ إِنَّكُم مَّبْعُوثُونَ مِنۢ بَعْدِ ٱلْمَوْتِ لَيَقُولَنَّ ٱلَّذِينَ كَفَرُوٓا۟ إِنْ هَٰذَآ إِلَّا سِحْرٌۭ مُّبِينٌۭ
၎င်းပြင် ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ခြောက်ရက်တွင် ဖန်ဆင်းတော်မူခဲ့လေသည်။ စင်စစ်သော်ကား (ထိုမိုးကောင်းကင်များနှင့်ပထဝီမြေကို ဖန်ဆင်းတော်မမူမီက) ထိုအရှင်မြတ်၏ (အရ်ရှ်)ပလ’င်တော်သည် ရေပေါ်၌ ရှိခဲ့လေသည်။ (ယင်းကဲ့သို့ မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ မိုးနှင့်မြေစပ်ကြားဝယ် ရှိရှိသမျှသောသက်ရှိ သက်မဲ့တို့ကိုလည်းကောင်း၊ ဖန်ဆင်းတော် မူခြင်းကား)ထိုအရှင်မြတ်သည် အသင်တို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ်သည်ကို စမ်းသပ်တော်မူအံ့သောငှာဖြစ်ပေသည်။ အမှန်သော်ကား အကယ်၍ အသင်သည် (လူများအား) ဧကန်စင်စစ် အသင်တို့သည်သေပြီးနောက် ရှင်ပြန်ထကြရမည့်သူများပင် ဖြစ်ကြသည်ဟု ပြောဆိုခဲ့ပါလျှင် (၎င်းတို့အနက်) ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ကထင်ရှားလှစွာသော စုန်းပယောဂ အတတ်မျှပင် ဖြစ်သည်ဟူ၍ပြောဆိုကြမည်မှာ ဧကန်မလွဲတည်း။
وَلَئِنْ أَخَّرْنَا عَنْهُمُ ٱلْعَذَابَ إِلَىٰٓ أُمَّةٍۢ مَّعْدُودَةٍۢ لَّيَقُولُنَّ مَا يَحْبِسُهُۥٓ ۗ أَلَا يَوْمَ يَأْتِيهِمْ لَيْسَ مَصْرُوفًا عَنْهُمْ وَحَاقَ بِهِم مَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ
၎င်းပြင် အကယ်၍ ငါအရှင်မြတ်သည် ပြစ်ဒဏ်ကို ၎င်းတို့အပေါ်မှ ရေတွက်(သတ်မှတ်) ထားပြီးဖြစ်သောအချိန်ကာလတိုင်အောင် ရွှေ့ဆိုင်း၍ထားတော်မူခဲ့ပါလျှင် ၎င်းတို့သည် ထိုပြစ်ဒဏ်ကို မည်သည့်အရာက ချုပ်၍ထားဘိသနည်းဟူ၍ မုချပြောဆိုကြလေသည်။ သတိပြုကြလေကုန်၊ထိုပြစ်ဒဏ် သည် ၎င်းတို့ထံ ရောက်ရှိလာမည့်နေ့တွင် ၎င်းတို့အပေါ်မှ လွှဲဖယ်သွားမည်မဟုတ်ပေ။ ထို့ပြင် ၎င်းတို့ ပြက်ချော်ပြောင်လှောင်လျက် ရှိကြကုန်သော ပြစ်ဒဏ်သည် ၎င်းတို့အားဝိုင်းဝန်း၍ ထားရှိပေမည်။
وَلَئِنْ أَذَقْنَا ٱلْإِنسَٰنَ مِنَّا رَحْمَةًۭ ثُمَّ نَزَعْنَٰهَا مِنْهُ إِنَّهُۥ لَيَـُٔوسٌۭ كَفُورٌۭ
စင်စစ်သော်ကား အကယ်၍ ငါအရှင်မြတ်သည် မနုဿလူသားများကို မိမိအထံတော်မှ ကရုဏာ တော်၏ရသကို မြည်းစမ်းစေတော်မူပြီးနောက် ငါအရှင်မြတ်သည် ယင်းမနုဿလူသားထံမှ ထိုကရုဏာတော်ကို ရုပ်သိမ်းတော်မူခဲ့ပါလျှင်၊ ဧကန်မလွဲ ထိုမနုဿလူသားသည် မျှော်လင့်ချက်ကင်းမဲ့သူများ၊ လွန်စွာကျေးဇူးတော်ကိုမသိတတ်သူများ ဖြစ်သွားတတ်ကြကုန်သတည်း။
وَلَئِنْ أَذَقْنَٰهُ نَعْمَآءَ بَعْدَ ضَرَّآءَ مَسَّتْهُ لَيَقُولَنَّ ذَهَبَ ٱلسَّيِّـَٔاتُ عَنِّىٓ ۚ إِنَّهُۥ لَفَرِحٌۭ فَخُورٌ
ထိုနည်းတူစွာ အကယ်၍ ငါအရှင်မြတ်သည် ထိုမနုဿလူသားများအား ၎င်းတို့၌ ဆိုက်ရောက်ခဲ့သော ဘေးဒုက္ခ၏နောက်တွင် ကျေးဇူးတော်၏အရသာကို မြည်းစမ်းစေတော်မူခဲ့ပါလျှင်၊ ဧကန်မလွဲ ၎င်းတို့သည် ကျွန်ုပ်တို့ ဘေးဒုက္ခများပပျောက်၍သွားလေပြီဟု ပြောဆိုလေ့ရှိကြကုန်၏။ ဧကန်စင်စစ် ယင်းမနုဿလူသားတို့သည် ဘဝင်ကြီးသူများ ဝါကြွားပလွှားသူများပင် ဖြစ်ကြကုန်သတည်း။
إِلَّا ٱلَّذِينَ صَبَرُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ أُو۟لَٰٓئِكَ لَهُم مَّغْفِرَةٌۭ وَأَجْرٌۭ كَبِيرٌۭ
သို့ရာတွင် အကြင်သူများသည် သည်းခံခဲ့ကြ၍်ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြသူများကူကား (ယင်းတို့မှကင်းကြ၍) လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်လှစွာသော အကျိုးဆုလာဘ်သည် သူတို့အဖို့သာ ဖြစ်ပေသည်။
فَلَعَلَّكَ تَارِكٌۢ بَعْضَ مَا يُوحَىٰٓ إِلَيْكَ وَضَآئِقٌۢ بِهِۦ صَدْرُكَ أَن يَقُولُوا۟ لَوْلَآ أُنزِلَ عَلَيْهِ كَنزٌ أَوْ جَآءَ مَعَهُۥ مَلَكٌ ۚ إِنَّمَآ أَنتَ نَذِيرٌۭ ۚ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍۢ وَكِيلٌ
သို့ဖြစ်ပေရာ အသင်သည် မိမိထံတော်သို့ပို့တော်မူခြင်းခံရသော အမိန့်တော်များအနက် အချို့ အမိန့်တော်များကို စွန့်လွှတ်ခြင်းမဖြစ်တန်ရာ၊ ၎င်းပြင် ထိုသူများက ယင်း(တမန်တော်)၏ အပေါ်၌ ရွှေငွေဘဏ္ဍာသည် အဘယ်ကြောင့်ချပေးခြင်းမခံရလေသနည်း။ သို့တည်းမဟုတ် ယင်း(တမန်တော်)နှင့်အတူ ကောင်းကင်တမန်တစ်ပါးသည် အဘယ်ကြောင့်မလာသနည်း၊ ဟုပြောဆိုကြ သောကြောင့် အသင်၏စိတ်သည် ကျဉ်းကြပ်လျက်ရှိနေပါသလော။ အသင်ကား သတိပေးသူမျှသာဖြစ်ချေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သာလျှင် အရာခပ်သိမ်းတို့နှင့်စပ်လျဉ်း၍ တာဝန်ယူ ထိန်းသိမ်းတော်မူသောအရှင် ဖြစ်တော်မူပေသည်။
أَمْ يَقُولُونَ ٱفْتَرَىٰهُ ۖ قُلْ فَأْتُوا۟ بِعَشْرِ سُوَرٍۢ مِّثْلِهِۦ مُفْتَرَيَٰتٍۢ وَٱدْعُوا۟ مَنِ ٱسْتَطَعْتُم مِّن دُونِ ٱللَّهِ إِن كُنتُمْ صَٰدِقِينَ
၎င်းတို့က ယင်း(နဗီတမန်တော်)သည် ထို (ကုရ်အာန်)ကို လီဆယ်ဖန်တီးခဲ့သည်ဟု ပြောဆိုကြ လေသလော။(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) သို့ဖြစ်လျှင်အသင်တို့သည် ထိုကုရ်အာန်ကျမ်းလာ စူရဟ်ကဏ္ဍကဲ့သို့ လီဆယ်ဖန်တီးထားသော စူရဟ်ကဏ္ဍဆယ်ခုကိုပင် ယူဆောင်ခဲ့ကြလေကုန်။ ၎င်းပြင် အကယ်၍ အသင်တို့သည် သစ္စာဝါဒီမှန်ကန်စွာပြောဆိုသူများ ဖြစ်ကြပါလျှင် အလ္လာဟ် အရှင်မြတ်မှတစ်ပါး မိမိတို့တတ်စွမ်းနိုင်သောသူများ ကိုလည်း အသင်တို့ခေါ်ခဲ့ကြလေကုန်ဟု ပြောကြားပါလေ။
فَإِلَّمْ يَسْتَجِيبُوا۟ لَكُمْ فَٱعْلَمُوٓا۟ أَنَّمَآ أُنزِلَ بِعِلْمِ ٱللَّهِ وَأَن لَّآ إِلَٰهَ إِلَّا هُوَ ۖ فَهَلْ أَنتُم مُّسْلِمُونَ
တဖန် အကယ်၍ ၎င်းတို့သည် အသင်တို့ (ပြောဆိုကြသည်)ကို ဖြေဆိုခြင်း မပြုခဲ့ကြပါလျှင် (ဤကုရ်အာန်ကျမ်းတော်မြတ်သည်) အလ္လာဟ်အရှင်မြတ်၏အသိပညာဖြင့် ချပေးသနားတော်မူခြင်းခံခဲ့ရသည်သာလျှင် ဖြစ်ကြောင်းကိုလည်းကောင်း၊ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍အလျှင်း မရှိကြောင်းကိုလည်းကောင်း၊ အသင်တို့ ကောင်းစွာယုံကြည်ကြလေကုန်။ သို့ဖြစ်ပေရာ ယခုအသင်တို့သည် မုစ်လင်မ် အမိန့်တော်ကို လိုက်နာသောသူများ ဖြစ်ကြပြီလော။
مَن كَانَ يُرِيدُ ٱلْحَيَوٰةَ ٱلدُّنْيَا وَزِينَتَهَا نُوَفِّ إِلَيْهِمْ أَعْمَٰلَهُمْ فِيهَا وَهُمْ فِيهَا لَا يُبْخَسُونَ
မည်သူမဆိုလောကီဘဝကိုလည်းကောင်း၊ယင်းလောကီဘဝ၏ (ပကာသနဖြစ်သော) လှပ တင့်တယ်မှုကိုလည်းကောင်း၊ ရည်စူးပါလျှငငါ အရှင်မြတ်သည် ထိုကဲ့သို့သောသူတို့အား ၎င်းတို့၏ ကျင့်မူဆောင်ရွက်ချက်များ၏(အကျိုး)ကိုဤလောကီ ဘဝ၌ပင် အပြည့်ပေးတော်မူလေသည်။ ထို့ပြင်၎င်း တို့သည် ဤလောကီဘဝတွင် (အနည်းငယ်မျှပင်) ယုတ်လျော့စေခြင်းကို ခံကြရသည်မရှိချေ။
أُو۟لَٰٓئِكَ ٱلَّذِينَ لَيْسَ لَهُمْ فِى ٱلْءَاخِرَةِ إِلَّا ٱلنَّارُ ۖ وَحَبِطَ مَا صَنَعُوا۟ فِيهَا وَبَٰطِلٌۭ مَّا كَانُوا۟ يَعْمَلُونَ
ဤသူများသည် အကြင်သူများပင်တည်း။ ထိုသူတို့အဖို့ နောင်တမလွန်ဘဝတွင် ငရဲမီးမှအပ အခြားတစ်စုံတစ်ရာမျှပင် (အကျိုးခံစားခွင့်) ရှိလိမ့် မည်မဟုတ်ပေ။ ထို့ပြင်၎င်းတို့ပြုလုပ်သမျှတို့သည် အချည်းနှီးပင်ဖြစ်သည့်ပြင် ၎င်းတို့ကျင့်မူဆောင်ရွက် ခဲ့သမျှတို့သည်လည်း နောင်တမလွန်ဘဝတွင် အကျိုးမဲ့ ဖြစ်လိမ့်မည်သာတည်း။
أَفَمَن كَانَ عَلَىٰ بَيِّنَةٍۢ مِّن رَّبِّهِۦ وَيَتْلُوهُ شَاهِدٌۭ مِّنْهُ وَمِن قَبْلِهِۦ كِتَٰبُ مُوسَىٰٓ إِمَامًۭا وَرَحْمَةً ۚ أُو۟لَٰٓئِكَ يُؤْمِنُونَ بِهِۦ ۚ وَمَن يَكْفُرْ بِهِۦ مِنَ ٱلْأَحْزَابِ فَٱلنَّارُ مَوْعِدُهُۥ ۚ فَلَا تَكُ فِى مِرْيَةٍۢ مِّنْهُ ۚ إِنَّهُ ٱلْحَقُّ مِن رَّبِّكَ وَلَٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يُؤْمِنُونَ
သို့ဖြစ်ပေရာ အကြင်သူတို့သည် မိမိတို့၏ အရှင်မြတ်ထံတော်မှ (ရောက်ရှိလာသော)ထင်ရှားစွာသော သက်သေခံအပေါ်၌ တည်ရှိကြကုန်၏။ ထို့ပြင် ထိုသူ၏နောက်မှ သက်သေတစ်ခုသည် ထိုအရှင်မြတ်အထံတော်မှပါရှိခဲ့၏။(တစ်နည်း)သို့ဖြစ်ပေရာ အကြင်သူတို့သည် မိမိတို့၏အရှင်မြတ်ထံတော်မှ(ရောက်ရှိလာခဲ့သော) ကုရ်အာန်ကျမ်းမြတ်အပေါ်၌ တည်ရှိကြကုန်၏။ ထို့ပြင် ထိုကျမ်းမြတ်နှင့်အတူ ထိုကျမ်းမြတ်ထဲ၌ပင်သက်သေခံတစ်ခုပါရှိ၏။) ထိုမှတစ်ပါး ၎င်း၏အလျင်(နဗီတမန်တော်)မူစာ၏ ကျမ်းဂန်သည် ရှေ့ဆောင်ရှေ့ ရပ်အဖြစ်လည်းကောင်း၊ ကရုဏာတော်အဖြစ်လည်းကောင်းး (ထောက်ခံလျက်)ရှိခဲ့၏။ (လောကီဘဝကို ရည်စူးသောသူတို့သည်ထိုကဲ့သို့သောသူတို့နှင့် တူနိုင်ကြပါမည်လော။) ထိုကဲ့သို့သောသူတို့သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်)ကို ယုံကြည်ကြလေသည်။ ထို့ပြင် အုပ်စုများအနက်မှ မည်သူမဆို ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို ငြင်းပယ်ခဲ့ပါလျှင် ငရဲဘုံသည်ထိုသူ၏ ချိန်းချက်ထားသောနေရာပင် ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အသင်သည် ထိုကုရ်အာန်ကျမ်းတော်မြတ်နှင့်စပ်လျဉ်း၍ ဒွိဟသံသယမဖြစ်ပါလေနှင့်။ ဧကန်မလွဲ ယင်းကုရ်အာန်ကျမ်းတော် မြတ်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ (ကျရောက်လာသည့်)မှန်ကန်သောကျမ်းတော်မြတ်ပင် ဖြစ်ချေသည်။ သို့ရာတွင် မြောက်မြားစွာသောသူတို့မူကား သက်ဝင်ယုံကြည်သည် မဟုတ်ချေ။
وَمَنْ أَظْلَمُ مِمَّنِ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًا ۚ أُو۟لَٰٓئِكَ يُعْرَضُونَ عَلَىٰ رَبِّهِمْ وَيَقُولُ ٱلْأَشْهَٰدُ هَٰٓؤُلَآءِ ٱلَّذِينَ كَذَبُوا۟ عَلَىٰ رَبِّهِمْ ۚ أَلَا لَعْنَةُ ٱللَّهِ عَلَى ٱلظَّٰلِمِينَ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုလီဆယ်၍စွပ်စွဲသောသူထက်ပို၍ မတရားစောကားသောသူသည် မည်သူရှိပါဦးမည်နည်း။ ဤကဲ့သို့သောသူများသည် ၎င်းတို့၏ အရှင်မြတ်ရှေ့တော်မှောက်ဝယ် ဝင်ရောက်စေခြင်းကို ခံကြရပေမည်။ ထိုအခါ သက်သေများက ဤသူများပင် မိမိတို့၏အရှင်မြတ်အပေါ်၌ မုသားပြောဆို စွပ်စွဲခဲ့သောသူများဖြစ်ကြသည်ဟု ပြောဆိုကြပေမည်။ အလ္လာဟ်အရှင်မြတ်၏ စက်ဆုပ်တော်မူခြင်းသည် မတရားသောသူတို့၏ အပေါ်၌ရှိချိမ့်မည်ဖြစ်ကြောင်း(ကောင်းစွာ) သတိပြုကြလေကုန်။
ٱلَّذِينَ يَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبْغُونَهَا عِوَجًۭا وَهُم بِٱلْءَاخِرَةِ هُمْ كَٰفِرُونَ
(ထိုကျူးကျော်စော်ကားသော)သူများကားအကြင်သူတို့ပင်၊ ထိုသူတို့သည် (သူတစ်ပါးတို့ အားလည်း)အလ္လာဟ်အရှင်မြတ်လမ်းတော်မှ ပိတ်ပင်တားဆီးကြလေသည်။၎င်းပြင် ထိုသူတို့သည် ထိုလမ်းတွင် ကွေ့ကောက်မှုကို ရှာကြံကြလေသည်။ ထိုမှတစ်ပါး ၎င်းတို့ကိုယ်တိုင်ပင်နောင်တမလွန်ဘဝကို ငြင်းပယ်သူများ ဖြစ်ကြကုန်သတည်း။ (တစ်နည်း)၎င်းတို့သည်ကား နောင်တမလွန်ဘဝကိုပင် ငြင်းပယ်သူများဖြစ်ကြပေသတည်း။
أُو۟لَٰٓئِكَ لَمْ يَكُونُوا۟ مُعْجِزِينَ فِى ٱلْأَرْضِ وَمَا كَانَ لَهُم مِّن دُونِ ٱللَّهِ مِنْ أَوْلِيَآءَ ۘ يُضَٰعَفُ لَهُمُ ٱلْعَذَابُ ۚ مَا كَانُوا۟ يَسْتَطِيعُونَ ٱلسَّمْعَ وَمَا كَانُوا۟ يُبْصِرُونَ
ဤသူများသည် ကမ္ဘာမြေ၌လည်း (အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ပေးတော်မူခြင်းမှ)လွတ်မြောက်နိုင်သူများမဟုတ်ခဲ့ကြချေ။ ထိုမှတစ်ပါး ၎င်းတို့၌ အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်ပြိုင်၍ ကူညီစောင်မမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှ မရှိခဲ့ချေ။ (ယနေ့မူကား) ၎င်းတို့၌ပြစ်ဒဏ်သည် နှစ်ဆ ပြုလုပ်ခြင်းကို ခံရပေမည်။ ၎င်းတို့သည်(မလိုမုန်းတီးမှုကြောင့် ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်း) ကြားနာနိုင်စွမ်းမရှိခဲ့ကြပေ။ (အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာသာဓကများကိုလည်း)မြင်နိုင်ကြသည် မရှိခဲ့ချေ။
Page 1 of 7 (123 ayahs)