Loading surah...
Back to Burmese Quran
129 Ayahs • Medinan
بَرَآءَةٌۭ مِّنَ ٱللَّهِ وَرَسُولِهِۦٓ إِلَى ٱلَّذِينَ عَٰهَدتُّم مِّنَ ٱلْمُشْرِكِينَ
ဤသည် အလ္လာဟ်အရှင်မြတ် အထံတော်မှလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော် မြတ်အထံတော်မှလည်းကောင်း၊ အသင်တို့ (ကာလအပိုင်းအခြားမရှိ)ပဋိညာဉ်စာချုပ် ချုပ်ဆိုခဲ့ကြ သော’မုရှ်ရစ်က်’ တို့အား (၎င်းတို့၏ ပဋိညာဉ်စာချုပ်နှင့်စပ်လျဉ်း၍) လုံးဝတာဝန်ကင်းကြောင်း(ကြေငြာခြင်းပင်) ဖြစ်ပေသတည်း။
فَسِيحُوا۟ فِى ٱلْأَرْضِ أَرْبَعَةَ أَشْهُرٍۢ وَٱعْلَمُوٓا۟ أَنَّكُمْ غَيْرُ مُعْجِزِى ٱللَّهِ ۙ وَأَنَّ ٱللَّهَ مُخْزِى ٱلْكَٰفِرِينَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊ အသင်သည်မုရှ်ရစ်ကတ်တို့အားဤသို့ပြောကြားပါလေ)။ အချင်းတို့ အသင်တို့သည်(ဤ)တိုင်းပြည်ဝယ် လေးလတိုင်အောင် (လွတ်လပ်စွာ)လှည့်လည်(သွားလာ)ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်နှင့်လွတ်ကင်းအောင်ထွက်ပြေးနိုင်ကြသူများ မဟုတ်ကြောင်းကိုလည်းကောင်း၊အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် ကာဖိရ် မယုံမကြည်သွေဖည် ငြင်းပယ်သော သူတို့အား၊ အရှက်တကွဲ ဖြစ်စေတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူကြောင်း ကိုလည်းကောင်း၊ (ကောင်းစွာ) မှတ်ယူကြလေကုန်။ (တစ်နည်း)[ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မစွမ်းဆောင်နိုင်အောင် ပြုလုပ်နိုင်သူများ မဟုတ်ကြောင်းကိုလည်းကောင်း၊ မုချဧကန် အလ္လာဟ် အရှင်မြတ်သည် ကာဖိရ်တို့အား အရှက်တကွဲ ဖြစ်စေတော်မူမည့်အရှင်ဖြစ်တော်မူသည်ကို လည်းကောင်း၊ သိထားကြလေကုန်။]
وَأَذَٰنٌۭ مِّنَ ٱللَّهِ وَرَسُولِهِۦٓ إِلَى ٱلنَّاسِ يَوْمَ ٱلْحَجِّ ٱلْأَكْبَرِ أَنَّ ٱللَّهَ بَرِىٓءٌۭ مِّنَ ٱلْمُشْرِكِينَ ۙ وَرَسُولُهُۥ ۚ فَإِن تُبْتُمْ فَهُوَ خَيْرٌۭ لَّكُمْ ۖ وَإِن تَوَلَّيْتُمْ فَٱعْلَمُوٓا۟ أَنَّكُمْ غَيْرُ مُعْجِزِى ٱللَّهِ ۗ وَبَشِّرِ ٱلَّذِينَ كَفَرُوا۟ بِعَذَابٍ أَلِيمٍ
ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ရစူလ်တမန်တော်၏အထံတော်မှ ဟဂျ်ဂျေအတ်က်ဗရ် နေ့တွင် လူခပ်သိမ်းတို့ရှေ့ဝယ်၊ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊ (ပဋိညာဉ်ကို မိမိတို့ကိုယ်တိုင် ချိုးဖောက်ခဲ့ကြသော) မုရှ်ရစ်က် တို့နှင့်ပတ်သက်၍ (အချိန်ကာလတစ်စုံတစ်ရာသတ်မှတ်ခြင်းပြုတော်မမူဘဲယခုပင်)တာဝန်ကင်းတော်မူကြောင်း ကြေငြာခြင်းပင်ဖြစ်ချေသတည်း။ သို့ဖြစ်သော်ငြားလည်း (အို-မုရှ်ရစ်က်အပေါင်းတို့) အကယ်၍ အသင်တို့သည်(မိမိတို့၏အယူဝါဒများကို စွန့်လွှတ်၍)ဝန်ချတောင်းပန်ကြပါမူထိုဝန်ချတောင်းပန်ခြင်းသည် အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်ချေသည်။ သို့ရာတွင် အကယ်၍ အသင်တို့သည်(ဝန်ချတောင်းပန်ခြင်းမပြုဘဲ) မျက်နှာလွှဲခဲ့ကြပါလျှင် စင်စစ် အသင်တို့သည် ‘အလ္လာဟ်’ အရှင်မြတ်နှင့် လွတ်ကင်းအောင် ထွက်ပြေးနိုင်ကြမည်မဟုတ်ကြောင်း ကောင်းစွာမှတ်ယူကြလေကုန်။ ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် ကာဖိရ် သွေဖည်ငြင်းပယ်ကြကုန်သောသူတို့အား (၎င်းတို့ခံစားခြင်းငှာ) ပြင်းပြနာကျင်စေသော အပြစ်ဒဏ်သည် (အဆင်သင့်)ရှိကြောင်းသတင်းကောင်း ပြောကြားပါလေ။
إِلَّا ٱلَّذِينَ عَٰهَدتُّم مِّنَ ٱلْمُشْرِكِينَ ثُمَّ لَمْ يَنقُصُوكُمْ شَيْـًۭٔا وَلَمْ يُظَٰهِرُوا۟ عَلَيْكُمْ أَحَدًۭا فَأَتِمُّوٓا۟ إِلَيْهِمْ عَهْدَهُمْ إِلَىٰ مُدَّتِهِمْ ۚ إِنَّ ٱللَّهَ يُحِبُّ ٱلْمُتَّقِينَ
အကြင် ‘မုရှ်ရစ်က်’ တို့မှတစ်ပါး အသင်တို့သည်ထိုသူတို့နှင့် ပဋိညာဉ်ဖွဲ့ခဲ့ကြလေသည်။ ထို့နောက် ၎င်းတို့သည် အသင်တို့နှင့်ပတ်သက်၍ တစ်စုံတစ်ရာကိုမျှ ဝတ္တရားပျက်ကွက်ခဲ့ကြသည်လည်းမရှိပေ။ ယုတ်လျောစေခဲ့ကြသည်လည်းမရှိပေ။ ၎င်းပြင် ထိုသူတို့သည် အသင်တို့နှင့်ဆန့်ကျင်၍မည်သူ တစ်ဦးတယောက်ကိုမျှ ကူညီခဲ့ကြသည်လည်းမရှိချေ။သို့ဖြစ်လျှင် အသင်တို့သည် ထိုသူတို့နှင့်ထားရှိ သောကတိကိုထိုသူတို့ (သတ်မှတ်ခဲ့သော) အချိန် ကာလအပိုင်းအခြားအထိပြီးမြောက်အောင်ဆောင်ရွက်ကြလေကုန်။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ပြစ်မှုဒုစရိုက်တို့မှ ကြည်ရှောင်ကြကုန်သောသူတော်စင်တို့အား ချစ်ကြည်မြတ်နိုးတော်မူချေသတည်း။
فَإِذَا ٱنسَلَخَ ٱلْأَشْهُرُ ٱلْحُرُمُ فَٱقْتُلُوا۟ ٱلْمُشْرِكِينَ حَيْثُ وَجَدتُّمُوهُمْ وَخُذُوهُمْ وَٱحْصُرُوهُمْ وَٱقْعُدُوا۟ لَهُمْ كُلَّ مَرْصَدٍۢ ۚ فَإِن تَابُوا۟ وَأَقَامُوا۟ ٱلصَّلَوٰةَ وَءَاتَوُا۟ ٱلزَّكَوٰةَ فَخَلُّوا۟ سَبِيلَهُمْ ۚ إِنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌۭ
သို့ဖြစ်ပေရာ ထူးမြတ်သောလများ ကုန်လွန်သွားသောအခါ အသင်တို့သည် (ပဋိညာဉ်ကိုချိုးဖောက်ခဲ့ ကြသော) ‘မွရှ်ရစ်က်’တို့အား အသင်တို့ တွေ့လေရာနေရာများတွင် (သတ်ဖြတ်ကြလေကုန်၊ ထို့ပြင် အသင်တို့သည် ၎င်းတို့အား ဖမ်းဆီးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ၎င်းတို့အား ချုပ်နှောင်(အကျဉ်းချထား)ကြလေကုန်။ ၎င်းပြင်အသင်တို့သည် ထိုသူတို့အား (ဖမ်းဆီးရန်) ပုန်းအောင်းရာနေရာတိုင်းတွင် (ပုန်းအောင်း၍) ချောင်းမြောင်းကြလေကုန်။)တဖန် အကယ်၍ ထိုသူတို့သည်(မိမိတို့၏အယူဝါဒမျာကို စွန့်လွှတ်၍)ဝန်ချတောင်းပန်ခြင်းကိုလည်းကောင်း၊ တည်မြဲစွာ ‘ဆွလာတ်’ ဝတ်ပြုခြင်းကိုလည်းကောင်း၊ ဇကာတ် တရားဝင်ဒါနကြေးပေးဆောင်ခြင်းကိုလည်းကောင်း၊ ပြုကြပါလျှင် အသင်တို့သည် ၎င်းတို့၏လမ်းကို ဖွင့်လှစ်ပေးကြလေကုန်။ ဧကန်အမှန်အလ္လာဟ်အရှင်မြတ် သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနား တော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَإِنْ أَحَدٌۭ مِّنَ ٱلْمُشْرِكِينَ ٱسْتَجَارَكَ فَأَجِرْهُ حَتَّىٰ يَسْمَعَ كَلَٰمَ ٱللَّهِ ثُمَّ أَبْلِغْهُ مَأْمَنَهُۥ ۚ ذَٰلِكَ بِأَنَّهُمْ قَوْمٌۭ لَّا يَعْلَمُونَ
တစ်ဖန် အကယ်၍ (ပဋိညာဉ်ကိုချိုးဖောက်သော) မွတ်ရှ်ရစ်က်တို့အနက်မှ တစ်ဦးတစ်ယောက် သောသူသည် အသင့်ထံတွင် အကာအကွယ်ရလိုခဲ့ပါလျှင် အသင်သည်ထိုသူအား ၎င်းသည် အလ္လာဟ် အရှင်မြတ်၏အာယတ်တော်ကိုကြားနာနိုင်အံ့သောငှာ ကာကွယ်ပါလေ၊) ထို့နောက် အသင်သည် ထိုသူ့အား ၎င်း၏ဘေးရန်ကင်းငြိမ်းရာဌာနသို့ ပို့ဆောင်၍ပေးပါလေ။ ဤ(အမိန့်တော်ကိုထုတ်ပြန်တော်မူခြင်း)ကား ၎င်းတို့သည် မသိနားမလည်သောသူများ ဖြစ်ကြသောကြောင့်ပင်တည်း။(ရကူ)
كَيْفَ يَكُونُ لِلْمُشْرِكِينَ عَهْدٌ عِندَ ٱللَّهِ وَعِندَ رَسُولِهِۦٓ إِلَّا ٱلَّذِينَ عَٰهَدتُّمْ عِندَ ٱلْمَسْجِدِ ٱلْحَرَامِ ۖ فَمَا ٱسْتَقَٰمُوا۟ لَكُمْ فَٱسْتَقِيمُوا۟ لَهُمْ ۚ إِنَّ ٱللَّهَ يُحِبُّ ٱلْمُتَّقِينَ
မွရှ်ရစ်က်တို့၏ ပဋိညာဉ်ကိုထောက်ထားလိုက်နာရန်တာဝန်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော် အပေါ်၌ လည်းကောင်း၊ အသို့ လျှင်ရှိနိုင်ပါအံ့နည်း။ မတ်စ်ဂျိဒေဟရာမ်ထူးမြတ် သောဗလီ ဝတ်ကျောင်းတော်၏အပါးတွင် အသင်တို့ပဋိညာဉ် ဖွဲ့ခဲ့ကြသောသူတို့မှတစ်ပါး၊ ၎င်းတို့သည် အသင်တို့နှင့် ပတ်သက်၍ ဖြောင့် မတ်စွာ တည်ရှိနေသမျှ ကာလပတ်လုံးအသင်တို့သည်လည်း ၎င်းတို့နှင့်ပတ်သက်၍ ဖြောင့်မတ်စွာတည်ရှိကြလေကုန်။ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည်ပြစ်မှုဒုစရိုက်တို့မှ ကြဉ် ရှောင်ကြကုန်သော သူတော်စင်တို့အားချစ်မြတ်နိုးတော်မူပေသတည်း။
كَيْفَ وَإِن يَظْهَرُوا۟ عَلَيْكُمْ لَا يَرْقُبُوا۟ فِيكُمْ إِلًّۭا وَلَا ذِمَّةًۭ ۚ يُرْضُونَكُم بِأَفْوَٰهِهِمْ وَتَأْبَىٰ قُلُوبُهُمْ وَأَكْثَرُهُمْ فَٰسِقُونَ
(ယင်းကဲ့သို့ ကတိဖောက်ဖျက်သူတို့၏ ကတိဝန်ခံချက်ကို)အသို့လျှင် ထောက်ထားနိုင်ပါအံ့နည်း။ အမှန်စင်စစ်သော်ကား အကယ်၍သာ ထိုသူတို့သည် အသင်တို့အပေါ်၌ကြီးစိုးကြပါလျှင်၊ ထိုသူတို့သည် အသင်တို့နှင့်ပတ်သက်၍ ဆွေမျိုးတော်စပ်သည်ကိုလည်းကောင်း၊ ပဋိညာဉ်ဖွဲ့ထားသည်ကိုလည်းကောင်း၊ ထောက်ထားကြမည်မဟုတ်ပေ။ ၎င်းတို့သည်အသင်တို့အား မိမိတို့၏နှုတ်များ ဖြင့်သာလျှင် နှစ်သိမ့်စေကြကုန်သည်။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးများမှာမူကား(၎င်းတို့၏နှုတ်မှ ပြောဆိုချက်တို့ကို) ငြင်းပယ်လျက်ရှိကြကုန်သတည်း။ စင်စစ် ၎င်းတို့အနက် အများစုတို့မှာကား စည်းကမ်း ဖောက်ဖျက်သူများသာ ဖြစ်ကြကုန်သည်။
ٱشْتَرَوْا۟ بِـَٔايَٰتِ ٱللَّهِ ثَمَنًۭا قَلِيلًۭا فَصَدُّوا۟ عَن سَبِيلِهِۦٓ ۚ إِنَّهُمْ سَآءَ مَا كَانُوا۟ يَعْمَلُونَ
၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များဖြင့် အနည်းငယ်မျှသောအဖိုးငွေကို လဲလှယ်ဝယ်ယူခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် ထိုအရှင်မြတ်၏လမ်းတော်မှ ဖောက်ပြန် သွေချော်တိမ်းစောင်းလျက်ရှိခဲ့ကြကုန်၏။ဧကန်စင်စစ် ၎င်းတို့ပြုမူသမျှတို့ကား အလွန်ဆိုးရွားလှပေသတည်း။
لَا يَرْقُبُونَ فِى مُؤْمِنٍ إِلًّۭا وَلَا ذِمَّةًۭ ۚ وَأُو۟لَٰٓئِكَ هُمُ ٱلْمُعْتَدُونَ
၎င်းတို့သည် မည်သည့် မုအ်မင်န် သက်ဝင်ယုံကြည်သူ တစ်ဦးတစ်ယောက်နှင့်မျှ ပတ်သက်၍ ဆွေမျိုးတော်စပ်မှုကိုလည်းကောင်း၊ ပဋိညာဉ်ထားရှိမှုကို လည်းကောင်း၊ထောက်ထားကြသည်မဟုတ်ပေ။ အမှန်သော်ကား၎င်းတို့သည်ပင်လျှင် လွန်ကျူးသူများ ဖြစ်ကြကုန်သတည်း။
فَإِن تَابُوا۟ وَأَقَامُوا۟ ٱلصَّلَوٰةَ وَءَاتَوُا۟ ٱلزَّكَوٰةَ فَإِخْوَٰنُكُمْ فِى ٱلدِّينِ ۗ وَنُفَصِّلُ ٱلْءَايَٰتِ لِقَوْمٍۢ يَعْلَمُونَ
သို့ရာတွင် အကယ်၍ ထိုသူတို့သည် (မိမိတို့၏အယူဝါဒများကိုစွန့်လွှတ်ကာ အီမာန် ယုံကြည် ခြင်းသဒ္ဓါတရား ထားရှိခြင်းအားဖြင့်) ဝန်ချတောင်းပန်၍ ဆွလာတ်ဆောက်တည်ခြင်းကိုလည်းကောင်း၊ ဇကာတ် တရားဝင်ဒါနကြေး ပေးဆောင်ခြင်းကိုလည်းကောင်း ပြုခဲ့ကြပါလျှင်၊ ထိုသူတို့သည် ဒီန်သာသနာရေးတွင် အသင်တို့၏ညီသားအစ်ကိုများပင်ဖြစ်ကြကုန်သည်။ အမှန်သော်ကား ငါအရှင်မြတ်သည် (မိမိ)အာယတ်တော်များကို သိနားလည်သူတို့အဖို့ အသေးစိတ်ထုတ်ဖော် မိန့်ကြားတော်မူလေသတည်း။
وَإِن نَّكَثُوٓا۟ أَيْمَٰنَهُم مِّنۢ بَعْدِ عَهْدِهِمْ وَطَعَنُوا۟ فِى دِينِكُمْ فَقَٰتِلُوٓا۟ أَئِمَّةَ ٱلْكُفْرِ ۙ إِنَّهُمْ لَآ أَيْمَٰنَ لَهُمْ لَعَلَّهُمْ يَنتَهُونَ
တစ်ဖန်အကယ်၍ ထိုသူတို့သည် ကတိသစ္စာထားရှိပြီးနောက်သော်မှပင် မိမိတို့ ထားရှိကြကုန် သောကတိသစ္စာများကို ဖောက်ဖျက်ခြင်းကိုလည်းကောင်း၊ အသင်တို့၏ဒီန်သာသနာနှင့်စပ်လျဉ်း၍ ကဲ့ရဲ့ရှုတ်ချ(အမနာပ)ပြောဆိုခြင်းကိုလည်းကောင်း၊ ပြုခဲ့ကြပါလျှင် အသင်တို့သည် ကုဖ်ရ်မယုံမကြည်သွေဖည်ငြင်းပယ်မှုကို ခေါင်းဆောင်သော ရှေ့ဆောင်တို့အား ၎င်းတို့သည် (မိမိတို့၏အယူဝါဒများမှ) ရပ်စဲသွားကြအံ့သောငှာ တိုက်ခိုက်ကြလေကုန်။ အကြောင်းသော်ကား ၎င်းတို့၌ကတိသစ္စာများမရှိကြတော့ပြီ။
أَلَا تُقَٰتِلُونَ قَوْمًۭا نَّكَثُوٓا۟ أَيْمَٰنَهُمْ وَهَمُّوا۟ بِإِخْرَاجِ ٱلرَّسُولِ وَهُم بَدَءُوكُمْ أَوَّلَ مَرَّةٍ ۚ أَتَخْشَوْنَهُمْ ۚ فَٱللَّهُ أَحَقُّ أَن تَخْشَوْهُ إِن كُنتُم مُّؤْمِنِينَ
အသင်တို့သည် အကြင်အမျိုးသားတို့အားအဘယ်ကြောင့် မတိုက်ခိုက်ကြသနည်း။ ထိုအမျိုးသားတို့သည်မိမိတို့၏ကတိသစ္စာကိုလည်း ဖောက်ဖျက်ခဲ့ကြကုန်၏။ ထို့ပြင်၎င်းတို့သည် တမန်တော်မြတ်(မုဟမ္မဒ်)အား(မက္ကာမြို့မှ) နှင်ထုတ်ရန်လည်း သန္ဓိဋ္ဌာန်ချခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည်ပင်လျှင် အသင်တို့အား ဦးစွာပထမ စတင်တိုက်ခိုက်ခဲ့ကြကုန်၏။ အသင်တို့သည် ၎င်းတို့အားကြောက်ရွံ့ကြလေသလော၊စင်စစ်တမူကား အကယ်၍ အသင်တို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်အား ပိုမို၍ပင် ကြောက်ရွံ့ထိုက်ပေသတည်း။
قَٰتِلُوهُمْ يُعَذِّبْهُمُ ٱللَّهُ بِأَيْدِيكُمْ وَيُخْزِهِمْ وَيَنصُرْكُمْ عَلَيْهِمْ وَيَشْفِ صُدُورَ قَوْمٍۢ مُّؤْمِنِينَ
အသင်တို့သည် ၎င်းတို့အား တိုက်ခိုက်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အသင်တို့၏လက်များဖြင့် ပြစ်ဒဏ်ပေးတော်မူမည်ဖြစ်၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းတို့အား အရှက်ရစေတော်မူမည်လည်းဖြစ်၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အား ၎င်းတို့အပေါ်၌ အောင်မြင်စေတော်မူမည်လည်းဖြစ်၏။ ထို့ပြင်ထိုအရှင်မြတ်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့၏ စိတ်နှလုံးများကို အေးချမ်းစေတော်မူမည်လည်း ဖြစ်ချေသတည်း။
وَيُذْهِبْ غَيْظَ قُلُوبِهِمْ ۗ وَيَتُوبُ ٱللَّهُ عَلَىٰ مَن يَشَآءُ ۗ وَٱللَّهُ عَلِيمٌ حَكِيمٌ
၎င်းပြင် ထိုအရှင်မြတ်သည် ထို(သက်ဝင်ယုံကြည်)သူတို့၏ စိတ်နှလုံးများမှ ဒေါသအမျက်ကိုလည်းပပျောက်စေတော်မူမည်ဖြစ်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူ၏ဘက်သို့လည်း ကရုဏာတော်နှင့်ပြန်လှည့်တော်မူမည်ဖြစ်၏။ အမှန်သော်ကားအလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အသျှင်၊ နက်နဲသိမ်မွေ့သောဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအသျှင် ဖြစ်တော်မူပေသတည်း။
أَمْ حَسِبْتُمْ أَن تُتْرَكُوا۟ وَلَمَّا يَعْلَمِ ٱللَّهُ ٱلَّذِينَ جَٰهَدُوا۟ مِنكُمْ وَلَمْ يَتَّخِذُوا۟ مِن دُونِ ٱللَّهِ وَلَا رَسُولِهِۦ وَلَا ٱلْمُؤْمِنِينَ وَلِيجَةًۭ ۚ وَٱللَّهُ خَبِيرٌۢ بِمَا تَعْمَلُونَ
အသင်တို့သည် မိမိတို့မှာ (စမ်းသပ်ခြင်းမခံရဘဲအေးချမ်းစွာ) စွန့်လွှတ်ထားခြင်းကို ခံကြရလိမ့်မည်ဟု ထင်မြင်ယူဆကြပါသလော။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည်(ယခုထက်တိုင်)အသင်တို့အနက်မှ (ထိုအရှင်မြတ်၏လမ်းတော်၌) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သူတို့အားလည်းကောင်း၊အလ္လာဟ်အရှင်မြတ်၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်နှင့်မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အပြင် အခြားသူတို့ကိုချစ်ကျွမ်းတဝင် မပြုကြသော သူတို့အားလည်းကောင်း၊ သိ(မြင်)တော်မမူသေးချေ။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည်အသင်တို့ ပြုမူသမျှတို့ကို အကြွင်းမဲ့ကြားသိ တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။(ရကူ)
مَا كَانَ لِلْمُشْرِكِينَ أَن يَعْمُرُوا۟ مَسَٰجِدَ ٱللَّهِ شَٰهِدِينَ عَلَىٰٓ أَنفُسِهِم بِٱلْكُفْرِ ۚ أُو۟لَٰٓئِكَ حَبِطَتْ أَعْمَٰلُهُمْ وَفِى ٱلنَّارِ هُمْ خَٰلِدُونَ
မွတ်ရှ်ရစ်က် တို့၌ ၎င်းတို့သည် မိမိတို့ ကာဖိရ် ဖြစ်ကြောင်း ဝန်ခံလျက် ရှိနေကြစဉ် အလ္လာဟ်အရှင်မြတ်၏ဗလီကျောင်းတော်များကို သာယာစည်ကားအောင် ပြုလုပ်ရန် အရည်အချင်းမရှိချေ။ ၎င်းတို့သည် အကြင်သူများပင်တည်း။ ထိုသူတို့၏ အပြုအမူများသည် အချည်းနှီး ဖြစ်ခဲ့ကြသည့်ပြင် ထိုသူတို့သည် ငရဲမီး၌ ထာဝစဉ် နေထိုင်ကြရ မည့်သူများပင် ဖြစ်ကြကုန်လေသတည်း။
إِنَّمَا يَعْمُرُ مَسَٰجِدَ ٱللَّهِ مَنْ ءَامَنَ بِٱللَّهِ وَٱلْيَوْمِ ٱلْءَاخِرِ وَأَقَامَ ٱلصَّلَوٰةَ وَءَاتَى ٱلزَّكَوٰةَ وَلَمْ يَخْشَ إِلَّا ٱللَّهَ ۖ فَعَسَىٰٓ أُو۟لَٰٓئِكَ أَن يَكُونُوا۟ مِنَ ٱلْمُهْتَدِينَ
အလ္လာဟ်အရှင်မြတ်၏ ဗလီကျောင်းတော်များကို အကြင်သူတို့သည်သာလျှင် စည်ကားသာယာအောင် ပြုနိုင်ကြပေသည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်း ကောင်း၊ ယုံကြည်ကြသည့်ပြင်ထိုသူတို့သည် စွဲမြဲစွာ ‘ဆွလာတ်’ ဝတ်ပြုမှုကိုလည်းကောင်း၊’ဇကာတ်’ တရားဝင်ဒါနကြေး ပေးဆောင်ခြင်းကိုလည်းကောင်း၊ပြုကြကုန်သည်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အပြင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကြောက်ရွံ့ကြသည်လည်း မရှိချေ။သို့ဖြစ်ပေရာ ၎င်းတို့သည် တရားလမ်းမှန် ရရှိမျှော်လင့်ကြရာပေသတည်း။
۞ أَجَعَلْتُمْ سِقَايَةَ ٱلْحَآجِّ وَعِمَارَةَ ٱلْمَسْجِدِ ٱلْحَرَامِ كَمَنْ ءَامَنَ بِٱللَّهِ وَٱلْيَوْمِ ٱلْءَاخِرِ وَجَٰهَدَ فِى سَبِيلِ ٱللَّهِ ۚ لَا يَسْتَوُۥنَ عِندَ ٱللَّهِ ۗ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلظَّٰلِمِينَ
အသင်တို့သည် ဟာဂျီများအား ရေတိုက်ခြင်းကိုလည်းကောင်း၊ ‘မတ်စ်ဂျိဒေဟရာမ်’ ထူးမြတ်သော ဗလီကျောင်းတော်ကို စည်ကားသာယာအောင် ပြုလုပ် ခြင်းကိုလည်း ကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကိုယုံကြည်သည့်ပြင် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်သောသူ (၏ကောင်းမှုကုသိုလ်) နှင့်တူမျှသည်ဟု ထင်မြင်ယူဆထားကြလေသလော။ ထိုသူများသည်အလ္လာဟ်အရှင်မြတ်အထံတော်၌ (အဆင့်အတန်း ချင်း)မတူကြချေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မတရားကျူးလွန်သောသူတို့အား တရားလမ်းမှန်ကိုပြသတော်မူသည် မဟုတ်ပေ။
ٱلَّذِينَ ءَامَنُوا۟ وَهَاجَرُوا۟ وَجَٰهَدُوا۟ فِى سَبِيلِ ٱللَّهِ بِأَمْوَٰلِهِمْ وَأَنفُسِهِمْ أَعْظَمُ دَرَجَةً عِندَ ٱللَّهِ ۚ وَأُو۟لَٰٓئِكَ هُمُ ٱلْفَآئِزُونَ
အကြင်သူတို့သည် ‘အီမာန်’ သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်(မိမိတို့၏ဥစ္စာပစ္စည်း အိုးအိမ်စည်းစိမ်တို့ကို စွန့်လွှတ်ကာတစ်ရပ်တစ်ကျေးသို့) ရွှေ့ပြောင်း သွားရောက် နေထိုင်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ယင်းတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်များဖြင့် လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြကုန်၏။ ထိုသူတို့သည်အလ္လာဟ်ရှင်မြတ်အထံတော်၌ အဆင့်အတန်းအားဖြင့် အလွန်မြင့်မြတ်လှသည့်ပြင် ထိုသူတို့သည်သာလျှင် ‘အောင်မြင်မှု’ ကိုရရှိသူများ ဖြစ်ကြကုန်သတည်း။
Page 1 of 7 (129 ayahs)