Loading surah...
Back to Burmese Quran
98 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ كٓهيعٓصٓ
ကာဖ်၊ ဟာ၊ ယာ၊ အိုင်န်၊ ဆွာဒ်။
ذِكْرُ رَحْمَتِ رَبِّكَ عَبْدَهُۥ زَكَرِيَّآ
ဤသည်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က မိမိကျွန် (နဗီတမန်တော်)ဇကရီယာ၏အပေါ်၌ ကရုဏာပြုတော်မူခဲ့ခြင်းကို ထုတ်ဖော် မြွက်ဟတော်မူခြင်းပင်တည်း။
إِذْ نَادَىٰ رَبَّهُۥ نِدَآءً خَفِيًّۭا
(ပြန်လည်အောက်မေ့သတိရကြလေကုန်)တစ်ရံရောအခါဝယ် ထိုဇကရီယာသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို လျှို့ဝှက်စွာ ပန်ကြားခဲ့လေသည်။
قَالَ رَبِّ إِنِّى وَهَنَ ٱلْعَظْمُ مِنِّى وَٱشْتَعَلَ ٱلرَّأْسُ شَيْبًۭا وَلَمْ أَكُنۢ بِدُعَآئِكَ رَبِّ شَقِيًّۭا
(တစ်ဖန်)ယင်းဇကရီယာသည်(ဤသို့) လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်စင်စစ် ကျွန်တော်မျိုး၏အရိုးများမှာ အားအင်ချည့်နဲ့၍နေပါပြီ။ ၎င်းပြင် (ကျွန်တော်မျိုး၏)ဦးခေါင်းမှာလည်း ဆံဖြူများကြောင့် (ဖြူဖွေး)တောက်ပလျက်ရှိနေပါပြီ။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ စင်စစ် ကျွန်တော်မျိုးသည် အရှင်မြတ်အားဟစ်ခေါ်တမ်းတ လျှောက်ထားပန်ကြားမှုကြောင့် မည်သည့်အခါကမျှ အလိုဆန္ဒ မပြည့်ဝသူ မဖြစ်ခဲ့ဘူးပါ။
وَإِنِّى خِفْتُ ٱلْمَوَٰلِىَ مِن وَرَآءِى وَكَانَتِ ٱمْرَأَتِى عَاقِرًۭا فَهَبْ لِى مِن لَّدُنكَ وَلِيًّۭا
ဧကန်စင်စစ် ကျွန်တော်မျိုးသည် မိမိ(မရှိသည့်)နောက်တွင်(မိမိ)ဆွေမျိုးနီးစပ်သူတို့နှင့် ပတ်သက်၍ စိုးရိမ်မိခဲ့ပါသည်။ ထို့ပြင် ကျွန်တော်မျိုး၏ဇနီးမှာလည်း သားသမီးမထွန်းကားသော အမြုံပင်ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးအား မိမိအထံတော်မှ သားကောင်းရတနာ အမွေစားအမွေခံ တစ်ဦးကိုချီးမြှင့်ပေးသနားတော်မူပါ၊
يَرِثُنِى وَيَرِثُ مِنْ ءَالِ يَعْقُوبَ ۖ وَٱجْعَلْهُ رَبِّ رَضِيًّۭا
ထိုသားရတနာ၊ အမွေစား အမွေခံသည် ကျွန်တော်မျိုး၏အရိုက်အရာဆက်ခံသူလည်း ဖြစ်ပါစေ။ (နဗီတမန်တော်)ယအ်ကူဗ်၏သားမြေးတို့၏ အရိုက်အရာဆက်ခံသူလည်းဖြစ်ပါစေ။ ထိုမှတစ်ပါး အို- ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ၎င်းအား (မိမိအထံတော်၌) နှစ်မြို့ဖွယ်ရာလည်း ဖြစ်ပါစေ။
يَٰزَكَرِيَّآ إِنَّا نُبَشِّرُكَ بِغُلَٰمٍ ٱسْمُهُۥ يَحْيَىٰ لَمْ نَجْعَل لَّهُۥ مِن قَبْلُ سَمِيًّۭا
(ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ဤသို့ပြန်ကြားတော်မူခဲ့၏)။ အို-ဇကရီယာ၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား ယဟ်ယာမည်သော သားရတနာတစ်ပါးနှင့်ပတ်သက်၍သတင်းကောင်း ပေးတော်မူ၏။ ယခင်က ငါအရှင်မြတ်သည်ယင်းယဟ်ယာနှင့် နာမည်တူသူတစ်ဦးတစ်ယောက်ကို ရှိစေတော်မူခဲ့သည် မဟုတ်ချေ။
قَالَ رَبِّ أَنَّىٰ يَكُونُ لِى غُلَٰمٌۭ وَكَانَتِ ٱمْرَأَتِى عَاقِرًۭا وَقَدْ بَلَغْتُ مِنَ ٱلْكِبَرِ عِتِيًّۭا
(ထိုအခါ) ယင်းဇကရီယာက (ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၌ သားရတနာသည်အသို့လျှင် ရှိနိုင်ပါအံ့နည်း။ အကြောင်းသော်ကား ကျွန်တော်မျိုး၏ဇနီးမှာလည်း သားသမီးမမွေးသောအမြုံဖြစ်နေပါသည်။ကျွန်တော်မျိုးမှာလည်း သက်ရွယ်ကြီးရင့် အိုမင်းခြင်း၏အထွတ်အထိပ်သို့ ရောက်ရှိနေပါပြီ။
قَالَ كَذَٰلِكَ قَالَ رَبُّكَ هُوَ عَلَىَّ هَيِّنٌۭ وَقَدْ خَلَقْتُكَ مِن قَبْلُ وَلَمْ تَكُ شَيْـًۭٔا
(ထိုရောကာလ) ထိုအရှင်မြတ်က (ကောင်းကင်တမန်မှတစ်ဆင့် ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ (အို-ဇကရီယာ) ဤ အတိုင်းပင်ဖြစ်ပေမည်။ ဤသည် ငါအရှင်မြတ်အဖို့ အလွန်လွယ်ကူကြောင်း၊ ၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည်ပင် ယခင်ကလည်း အသင့်အား အသင် တစ်စုံတစ်ရာမရှိခဲ့စဉ်က ဖန်ဆင်းတော်မူခဲ့သည်။
قَالَ رَبِّ ٱجْعَل لِّىٓ ءَايَةًۭ ۚ قَالَ ءَايَتُكَ أَلَّا تُكَلِّمَ ٱلنَّاسَ ثَلَٰثَ لَيَالٍۢ سَوِيًّۭا
(ထိုအခါ) ယင်းဇကရီယာက အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ (သို့ဖြစ်ပါလျှင်) အရှင်မြတ်သည် (ကျွန်တော်မျိုး၏ ဇနီးမှာ သားရတနာကို ကိုယ်ဝန်ဆောင်လျက် ရှိနေကြောင်း သိနိုင်အံ့သောငှာ)သက်သေလက္ခဏာ တစ်ရပ်ရပ်ကို ကျွန်တော်မျိုးအား ပြုလုပ်သတ်မှတ်၍ ပေးတော်မူပါဟု လျှောက်ထား ပန်ကြားပြန်လေ၏။ အရှင်မြတ်က (အို-ဇကရီယာ) အသင်၏ နိမိတ်လက္ခဏာမှာ အသင်သည် ပကတိကျန်းမာစွာရှိပါလျက်နှင့် သုံးညတိတိ(တစ်ဆက်တည်း) လူတို့နှင့် စကားမပြော နိုင်ဘဲရှိမည်ဟူ၍မိန့်ကြားတော်မူခဲ့ပေသည်။
فَخَرَجَ عَلَىٰ قَوْمِهِۦ مِنَ ٱلْمِحْرَابِ فَأَوْحَىٰٓ إِلَيْهِمْ أَن سَبِّحُوا۟ بُكْرَةًۭ وَعَشِيًّۭا
ထို့နောက် ယင်းဇကရီယာသည် ဝတ်ပြုနေရာမှမိမိအမျိုးသားတို့ရှေ့ဝယ် ထွက်ခဲ့ပြီးလျှင် အသင်တို့သည် နံနက်ယံ၌လည်းကောင်း၊ ညဦးယံ၌လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ် သန့်ရှင်းစင်ကြယ်တော်မူကြောင်း) တတ်စ်ဗီဟ်ဆိုကြလေကုန်ဟု (လက်ရိပ်ဖြင့်) ညွှန်ခဲ့လေသတည်း။
يَٰيَحْيَىٰ خُذِ ٱلْكِتَٰبَ بِقُوَّةٍۢ ۖ وَءَاتَيْنَٰهُ ٱلْحُكْمَ صَبِيًّۭا
အို-ယဟ်ယာ၊ အသင်သည် ကျမ်းဂန်ကို စွဲမြဲစွာ ကိုင်ထားလော့(ဟုမိန့်ကြားတော်မူခဲ့၏၊) စင်စစ်သော်ကား ငါအရှင်မြတ်သည် ယင်းယဟ်ယာအား ကလေးဘဝ၌ပင် ဉာဏ်အမြော်အမြင်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ပေသည်။
وَحَنَانًۭا مِّن لَّدُنَّا وَزَكَوٰةًۭ ۖ وَكَانَ تَقِيًّۭا
ထိုနည်းတူစွာ မိမိအထံတော်မှ အကြင်နာတရားကိုလည်းကောင်း၊ သန့်ရှင်းစင်ကြယ်မှုကိုလည်း ကောင်း၊(ချီးမြှင့်တော်မူခဲ့၏)။ ၎င်းပြင် ယင်းယဟ်ယာသည် (ပြစ်မှုဒုစရိုက်တို့မှ) အလွန် ရှောင်ရှားသူပင် ဖြစ်ခဲ့ပေသည်။
وَبَرًّۢا بِوَٰلِدَيْهِ وَلَمْ يَكُن جَبَّارًا عَصِيًّۭا
ထို့ပြင် မိမိ၏ မိဘနှစ်ပါးအား အလွန်ကျေးဇူးပြုတတ်သူလည်းဖြစ်ခဲ့၏။ ထို့ပြင် မာန်မာနထောင်လွှားသူအမိန့်တော်ကို ဖီဆန်သူမဖြစ်ခဲ့ပေ။
وَسَلَٰمٌ عَلَيْهِ يَوْمَ وُلِدَ وَيَوْمَ يَمُوتُ وَيَوْمَ يُبْعَثُ حَيًّۭا
ထိုမှတစ်ပါး ထိုယဟ်ယာ၏အပေါ်၌ ယင်းဖွားမြင်ခဲ့သည့်နေ့တွင်လည်းကောင်း၊ ကွယ်လွန်သေဆုံးမည့်နေ့တွင်လည်းကောင်း၊ အသက်ရှင်လျက် ထရမည့်နေ့တွင်လည်းကောင်း၊ (ငါအရှင်မြတ်အထံတော်မှ) ငြိမ်းချမ်းသာယာမှု(ဘေးရန်ကင်းငြိမ်းမှု)သည် ကျရောက်ပါစေသတည်း။
وَٱذْكُرْ فِى ٱلْكِتَٰبِ مَرْيَمَ إِذِ ٱنتَبَذَتْ مِنْ أَهْلِهَا مَكَانًۭا شَرْقِيًّۭا
၎င်းပြင် (အို-နဗီတမန်တော်) အသင်သည်(ဤကုရ်အာန်)ကျမ်းတော်မှ မရ်ယမ်(၏အတ္ထုပ္ပတိ) အကြောင်းကို ဖတ်ကြားပါလေ။ တစ်ရံရောအခါဝယ် ယင်းမရ်ယမ်သည်မိမိအိမ်သူအိမ်သားတို့ထံမှ ခွဲခွာ၍ အရှေ့ဖက်၌ရှိသောအခန်းတစ်ခန်းသို့ သွားခဲ့လေသည်။
فَٱتَّخَذَتْ مِن دُونِهِمْ حِجَابًۭا فَأَرْسَلْنَآ إِلَيْهَا رُوحَنَا فَتَمَثَّلَ لَهَا بَشَرًۭا سَوِيًّۭا
တစ်ဖန် ယင်းမရ်ယမ်သည် ထိုအိမ်သူအိမ်သားတို့ (မမြင်နိုင်ရန်)ကန့်လန့်ကာတစ်ခု ချခဲ့လေသည်။ ထို့နောက်ငါအရှင်မြတ်သည် ယင်းမရ်ယမ်၏ထံသို့ မိမိ၏ အထူးကောင်းကင်တမန်ကို စေလွှတ်တော်မူခဲ့လေသည်။ ထိုအခါ ယင်းကောင်းကင်တမန်သည် ထိုမရ်ယမ်၏အရှေ့ဝယ် ပကတိလူသားတစ်ယောက်၏အသွင်ဖြင့် ကိုယ်ထင်ပြခဲ့၏။
قَالَتْ إِنِّىٓ أَعُوذُ بِٱلرَّحْمَٰنِ مِنكَ إِن كُنتَ تَقِيًّۭا
ထိုအခါ ယင်းမရ်ယမ်က (ထိုကောင်းကင်တမန်အား အကယ်စင်စစ် လူထင်မှတ်၍ဤသို့)ပြောကြား ခဲ့သည်မှာအကယ်၍ အသင်သည် သူတော်စင်တစ်ဦး ဖြစ်ခဲ့မူ ကျွန်ုပ်သည်အသင်(၏ဘေးအန္တရယ်)မှ(လွတ်ကင်းအံ့သောငှာ)ရဟ်မာန်အနန္တကရုဏာတော်ရှင်ထံတော်၌ အကာအကွယ်ယူပါ၏။
قَالَ إِنَّمَآ أَنَا۠ رَسُولُ رَبِّكِ لِأَهَبَ لَكِ غُلَٰمًۭا زَكِيًّۭا
(ထိုအခါ) ယင်းကောင်းကင်တမန်က (အိုမရ်ယမ်) ကျွန်ုပ်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ စေတမန်သာလျှင်ဖြစ်ပေသည်။ ကျွန်ုပ်သည် အသင့်အား စင်ကြယ်သန့်ရှင်း အပြစ်ကင်းသော သားရတနာတစ်ပါးကိုပေးရန် သာလျှင် (လာရခြင်း)ဖြစ်သည်ဟုပြောကြားခဲ့လေသည်။
قَالَتْ أَنَّىٰ يَكُونُ لِى غُلَٰمٌۭ وَلَمْ يَمْسَسْنِى بَشَرٌۭ وَلَمْ أَكُ بَغِيًّۭا
ထိုအခါ ယင်းမရ်ယမ်က (အို-ကောင်းကင်တမန်)စင်စစ် ကျွန်ုပ်အား မည်သည့်လူသားတစ်ဦးတစ်ယောက်မျှပင် ထိတွေ့ခဲ့ဖူးသည်လည်း မရှိပါဘဲလျက်လည်းကောင်း၊ ကျွန်ုပ်သည် အကျင့်မကောင်းသူ တစ်ဦးလည်း မဖြစ်ပါဘဲလျက်လည်းကောင်း၊ အသို့လျှင် ကျွန်ုပ်မှာ သားရတနာထွန်းကားနိုင်အံ့နည်းဟု ပြန်ပြောခဲ့လေသည်။
Page 1 of 5 (98 ayahs)