Loading surah...
Back to Burmese Quran
135 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ طه
တွာ-ဟာ။
مَآ أَنزَلْنَا عَلَيْكَ ٱلْقُرْءَانَ لِتَشْقَىٰٓ
ငါအရှင်မြတ်သည် အသင် အတိဒုက္ခ ခံစားအံ့သောငှာ အသင့်အပေါ်ဝယ် ကုရ်အာန်ကျမ်းတော်မြတ်ကို ချပေးသနားတော်မူခဲ့သည် မဟုတ်ပေ။
إِلَّا تَذْكِرَةًۭ لِّمَن يَخْشَىٰ
စင်စစ်မှာမူကား (ဤကုရ်အာန်ကျမ်းတော်မြတ်သည် ငါအရှင်မြတ်အား) ကြောက်ရွံ့ (ရိုသေသော) သူ၏အဖို့ဆုံးမဩဝါဒပင် ဖြစ်ပေသည်။
تَنزِيلًۭا مِّمَّنْ خَلَقَ ٱلْأَرْضَ وَٱلسَّمَٰوَٰتِ ٱلْعُلَى
ပထဝီမြေကိုလည်းကောင်း၊ မြင့်မားလှစွာသောမိုးကောင်းကင်များကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင်မြတ်၏အထံတော်မှ ချပေးသနားတော်မူခြင်းပင် ဖြစ်၏။
ٱلرَّحْمَٰنُ عَلَى ٱلْعَرْشِ ٱسْتَوَىٰ
(ထို) ရဟ်မာန် အနန္တကရုဏာတော်ရှင်ကားအရ်ရှ် ပလ္လင်တော်ထက်ဝယ် စံမြန်းတော်မူ၏။
لَهُۥ مَا فِى ٱلسَّمَٰوَٰتِ وَمَا فِى ٱلْأَرْضِ وَمَا بَيْنَهُمَا وَمَا تَحْتَ ٱلثَّرَىٰ
မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည်လည်းကောင်း၊ မိုးကောင်းကင်များနှင့်ပထဝီမြေတို့၏ အကြားဝယရှိသမျှတို့သည်လည်းကောင်း၊ မြေအောက်၌ရှိသမျှ တို့သည်လည်းကောင်း၊ ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများသည်လျှင် ဖြစ်ကုန်၏။
وَإِن تَجْهَرْ بِٱلْقَوْلِ فَإِنَّهُۥ يَعْلَمُ ٱلسِّرَّ وَأَخْفَى
(အို-နဗီတမန်တော်) အကယ်၍ အသင်သည်အသံကျယ်စွာ စကားပြောဆိုပါလျှင်လည်း (ထိုအရှင်မြတ်သည်သိတော်မူသည်သာဖြစ်၏။) ဧကန်စင်စစ် ထိုအရှင်မြတ်သည်စိတ်ထဲတွင် ပြောဆိုသောစကားကို လည်းကောင်း၊ စိတ်ထဲတွင်ပေါ်ပေါက်ရုံမျှ ရှိသေးသောစကားကိုလည်းကောင်း၊ သိရှိတော်မူ၏။
ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ۖ لَهُ ٱلْأَسْمَآءُ ٱلْحُسْنَىٰ
(ထိုအရှင်ကား) အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍ အလျှင်းမရှိပြီ။ ထိုအရှင်မြတ်၌ အမွန်မြတ်ဆုံးသော နာမံတော်များသည် ရှိကုန်သတည်း။
وَهَلْ أَتَىٰكَ حَدِيثُ مُوسَىٰٓ
၎င်းပြင် (နဗီတမန်တော်)မူစာ၏ အကြောင်းသတင်းသည် အသင့်ထံ ရောက်လာခဲ့လေပြီလော။
إِذْ رَءَا نَارًۭا فَقَالَ لِأَهْلِهِ ٱمْكُثُوٓا۟ إِنِّىٓ ءَانَسْتُ نَارًۭا لَّعَلِّىٓ ءَاتِيكُم مِّنْهَا بِقَبَسٍ أَوْ أَجِدُ عَلَى ٱلنَّارِ هُدًۭى
တစ်ရံရောအခါဝယ် ယင်း(နဗီတမန်တော်)မူစာသည် မီးတစ်ခုကို မြင်လေသော် မိမိအိမ်သူ အိမ်သားတို့အား အသင်တို့သည် (ဤနေရာ၌ပင်) စောင့်ဆိုင်း၍နေရစ်ကြလေကုန်။ ဧကန်မလွဲ ကျွန်ုပ်သည် မီးတစ်ခုကို တွေ့မြင်ရလေသည်။ ကျွန်ုပ်သည် ထိုမီးမှ မီးကျီးမီးခဲကို အသင်တို့ထံ ယူဆောင်လာနိုင်ရာ၏။ သို့တည်းမဟုတ် ကျွန်ုပ်သည်မီ၏အနီးတွင် လမ်းညွှန်တစ်စုံတစ်ရာကို တွေ့ရှိတန်ရာသည်ဟု ပြောဆိုလေ၏။
فَلَمَّآ أَتَىٰهَا نُودِىَ يَٰمُوسَىٰٓ
ထို့နောက် ယင်း(နဗီတမန်တော်)မူစာသည် ထိုမီး၏အနီးသို့ ရောက်လတ်သော် အို-မူစာ ဟု အသံပြုခြင်းကိုခံခဲ့ရလေသည်။
إِنِّىٓ أَنَا۠ رَبُّكَ فَٱخْلَعْ نَعْلَيْكَ ۖ إِنَّكَ بِٱلْوَادِ ٱلْمُقَدَّسِ طُوًۭى
ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင်။ သို့ဖြစ်ပေရာအသင်သည် မိမိ ဖိနပ်နှစ်ဖက်ကို ချွတ်ပါ လေ။ ဧကန်စင်စစ်အသင်သည် ထူးမြတ်သော တွုဝါ တောင်ကြားအရပ်၌(ရောက်)ရှိနေချေပြီ။
وَأَنَا ٱخْتَرْتُكَ فَٱسْتَمِعْ لِمَا يُوحَىٰٓ
စင်စစ် ငါအရှင်မြတ်သည် အသင့်အား (နဗီတမန်တော်အဖြစ်) ရွေးချယ်တော်မူပြီးဖြစ်ရာ အသင်သည်(မိမိထံသို့ ငါအရှင်မြတ်အထံတော်မှ) ထုတ်ပြန် ခြင်းခံရသောအမိန့်တော်များကို နားထောင်ပါလေ။
إِنَّنِىٓ أَنَا ٱللَّهُ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱعْبُدْنِى وَأَقِمِ ٱلصَّلَوٰةَ لِذِكْرِىٓ
ဧကန်အမှန် ငါအရှင်မြတ်သည် ပင်လျှင်အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူပေသည်။ ငါအရှင်မြတ် မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ဖြစ် ပေရာအသင်သည် ငါအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ပါလေ။ထို့ပြင် အသင်သည် ငါအရှင်မြတ်အား သတိရခြင်းငှာ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။
إِنَّ ٱلسَّاعَةَ ءَاتِيَةٌ أَكَادُ أُخْفِيهَا لِتُجْزَىٰ كُلُّ نَفْسٍۭ بِمَا تَسْعَىٰ
ဧကန်မလွဲ ကိယာမတ်သည် ရောက်ရှိလာ ပေမည်။ လူတိုင်းလူတိုင်းသည် မိမိကြိုးပမ်းမှု၏ အကျိုးကို ခံစားနိုင်အံ့သောငှာ ငါအရှင်မြတ်သည် ယင်းကိယာမတ်နေ့ကို(မည်သူ့အားမျှအသိမပေးဘဲ) လျှို့ဝှက်ထားလိုတော်မူပေသည်။
فَلَا يَصُدَّنَّكَ عَنْهَا مَن لَّا يُؤْمِنُ بِهَا وَٱتَّبَعَ هَوَىٰهُ فَتَرْدَىٰ
သို့ဖြစ်ပေရာ ယင်းကိယာမတ်ကို မယုံကြည်ဘဲမိမိစိတ်အလိုဆန္ဒကို လိုက်စားသောသူသည် အသင့်အား ယင်းကိယာမတ်ကို ယုံကြည်ခြင်းမှ တားဆီးခြင်းမပြုစေနှင့်။ သို့မဟုတ်လျှင် အသင်သည်လည်း ပျက်စီးသွားအံ့သတည်း။
وَمَا تِلْكَ بِيَمِينِكَ يَٰمُوسَىٰ
၎င်းပြင် အို-မူစာ၊ အသင်၏ လက်ယာဘက်လက်၌ ဤသည် အဘယ်အရာနည်း။
قَالَ هِىَ عَصَاىَ أَتَوَكَّؤُا۟ عَلَيْهَا وَأَهُشُّ بِهَا عَلَىٰ غَنَمِى وَلِىَ فِيهَا مَـَٔارِبُ أُخْرَىٰ
ယင်းမူစာက (အို-အရှင်)ဤသည် ကျွန်တော်မျိုး၏တောင်ဝှေးဖြစ်ပါသည်။ ကျွန်တော်မျိုးသည် ယင်းတောင်ဝှေးပေါ်၌ အမှီသဟဲပြုပါသည်။ ကျွန်တော်မျိုးသည် ယင်း တောင်ဝှေးဖြင့် မိမိဆိတ်များအဖို့ သစ်ခက်သစ်ရွက်များကိုလည်းခြွေပါသည်။ ထိုမှတစ်ပါး ကျွန်တော်မျိုးအဖို့ ယင်းတောင်ဝှေး၌အခြားအလိုဆန္ဒများ (အလုပ်များ)လည်း ရှိပါသေးသည်ဟုလျှောက်ထား အစီရင်ခံခဲ့လေ၏။
قَالَ أَلْقِهَا يَٰمُوسَىٰ
ထိုအရှင်မြတ်က အို-မူစာ အသင်သည် ယင်းတောင်ဝှေးကို(မြေကြီးပေါ်သို့)ပစ်ချပါလေဟု မိန့်ကြားတော်မူခဲ့လေ၏။
فَأَلْقَىٰهَا فَإِذَا هِىَ حَيَّةٌۭ تَسْعَىٰ
သို့ဖြစ်ပေရာ ထိုမူစာသည် ယင်းတောင်ဝှေးကို(မြေကြီးပေါ်သို့)ပစ်ချခဲ့သောအခါ ရုတ်တရက် ယင်းတောင်ဝှေးသည် လှုပ်ရှား သွားလာနေသော မြွေတစ်ကောင် ဖြစ်နေလေေတော့၏။
Page 1 of 7 (135 ayahs)