Loading surah...
Back to Burmese Quran
75 Ayahs • Medinan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ يَسْـَٔلُونَكَ عَنِ ٱلْأَنفَالِ ۖ قُلِ ٱلْأَنفَالُ لِلَّهِ وَٱلرَّسُولِ ۖ فَٱتَّقُوا۟ ٱللَّهَ وَأَصْلِحُوا۟ ذَاتَ بَيْنِكُمْ ۖ وَأَطِيعُوا۟ ٱللَّهَ وَرَسُولَهُۥٓ إِن كُنتُم مُّؤْمِنِينَ
(အို-နဗီတမန်တော်) ၎င်းတို့သည် အသင့်အား(စစ်မက်တိုက်ခိုက်ရာ၌ရရှိသော)လက်ရပစ္စည်း တို့နှင့်စပ်လျဉ်း၍ မေးမြန်းကြကုန်သည်။ အသင်သည်(၎င်းတို့အားဤသို့)ဖြေကြားပါလေ။ (အို-ငါ၏တပည့်သာဝကအပေါင်းတို့)လက်ရပစ္စည်းတို့သည်(စင်စစ်အားဖြင့်)အလ္လာဟ်အရှင်မြတ်နှင့်ရစူလ်တမန်တော် ပိုင်ဆိုင်တော်မူသောပစ္စည်းများပင်တည်း၊ သို့ဖြစ်ပေရာ အသင်သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်သည် မိမိတို့အချင်းချင်း၏ အခြေအနေကို ပြုပြင်ကြလေကုန်။ ထိုမှတစ်ပါး အသင်သည် အကယ်၍ မုအ်မင်န် သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါလျှင်၊အလ္လာဟ် အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ထိုအရှင်မြတ်၏ရစူလ်တမန်တော်၏ အမိန့်တော်များကို လည်းကောင်း၊ လိုက်နာကြလေကုန်။
إِنَّمَا ٱلْمُؤْمِنُونَ ٱلَّذِينَ إِذَا ذُكِرَ ٱللَّهُ وَجِلَتْ قُلُوبُهُمْ وَإِذَا تُلِيَتْ عَلَيْهِمْ ءَايَٰتُهُۥ زَادَتْهُمْ إِيمَٰنًۭا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ
အကြင်သူတို့သည်သာလျှင် မုအ်မင်န် သက်ဝင်ယုံကြည်သူ (အစစ်အမှန်များ) ဖြစ်ကြကုန်၏။ (၎င်းတို့ရှေ့ဝယ်)အလ္လာဟ်အရှင်မြတ်အားသတိရခဲ့လျှင်၊ ၎င်းတို့၏စိတ်နှလုံးများသည် ထိတ်လန့်သွားကြကုန်၏။ ထို့ပြင် အကယ်၍ ၎င်းတို့ရှေ့၌ ထိုအရှင်မြတ်၏အာယတ်တော်များကို ဖတ်ကြားခဲ့ပါမူ၊ ထိုအာယတ်တော်များသည် ၎င်းတို့၏ အီမာန် သက်ဝင်ယုံကြည်မှုကို တိုးပွားခိုင်မြဲစေကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့၏ကိစ္စအဝဝ၌) မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အပေါ်၌ပင် ယုံကြည်စိတ်ချလွှဲအပ်ကြကုန်သတည်း။
ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَمِمَّا رَزَقْنَٰهُمْ يُنفِقُونَ
အကြင်သူတို့သည် ဆွလာတ် ဝတ်ပြုမှုကို အမြဲမပြတ် ဆောက်တည်ကြကုန်၏။ ထို့ပြင် ၎င်းတို့အား ငါအရှင်မြတ်ချီး မြှင့်ပေးသနားတော် မူသည်များအနက်မှ(လှူဒါန်း)သုံးစွဲကြကုန်သတည်း။
أُو۟لَٰٓئِكَ هُمُ ٱلْمُؤْمِنُونَ حَقًّۭا ۚ لَّهُمْ دَرَجَٰتٌ عِندَ رَبِّهِمْ وَمَغْفِرَةٌۭ وَرِزْقٌۭ كَرِيمٌۭ
ဤသူများပင် မုအ်မင်န် သက်ဝင်ယုံကြည်သူအစစ်အမှန်များ ဖြစ်ကြကုန်၏။ ၎င်းတို့အဖို့ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌(မြင့်မြတ်လှသော) အဆင့်အတန်းများသည် လည်းကောင်း၊ (အပြစ်များမှ)လွတ်ငြိမ်းချမ်းသာခွင့်သည်လည်းကောင်း၊ မင်္ဂလာနှင့်ပြည့်စုံသော (ဂုဏ်ရှိသော) ရိက္ခာသည်လည်းကောင်း၊ ရှိချေသတည်း။
كَمَآ أَخْرَجَكَ رَبُّكَ مِنۢ بَيْتِكَ بِٱلْحَقِّ وَإِنَّ فَرِيقًۭا مِّنَ ٱلْمُؤْمِنِينَ لَكَٰرِهُونَ
အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မှန်ကန်စွာဆုံးဖြတ်၍ အသင့်ကို အသင်၏အိမ်မှထွက်စေတော်မူသကဲ့သို့ပင်။ စင်စစ် သော်ကား(ထိုအချိန်ကလည်း) မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အနက်မှ လူတစ်စုသည်(ယင်းသို့ထွက်ကြရသည်ကို)မနှစ်သက်မလိုလား ခဲ့ကြချေ။
يُجَٰدِلُونَكَ فِى ٱلْحَقِّ بَعْدَمَا تَبَيَّنَ كَأَنَّمَا يُسَاقُونَ إِلَى ٱلْمَوْتِ وَهُمْ يَنظُرُونَ
၎င်းတို့သည် မှန်ကန်သော အကြောင်းတရားနှင့်စပ်လျဉ်း၍ ထိုမှန်ကန်သောအကြောင်းတရားသည် ထင်ရှားခဲ့ပြီးနောက် မိမိတို့သည် သေရာသို့မောင်းနှင်ခြင်းခံရ၍(မရဏသေခြင်းတရားကို မျက်ဝါးထင်ထင်) မြင်နေကြရဘိသကဲ့သို့ပင် အသင်နှင့် စကားငြင်းခုံ ပြောဆိုခဲ့ကြကုန်သတည်း။
وَإِذْ يَعِدُكُمُ ٱللَّهُ إِحْدَى ٱلطَّآئِفَتَيْنِ أَنَّهَا لَكُمْ وَتَوَدُّونَ أَنَّ غَيْرَ ذَاتِ ٱلشَّوْكَةِ تَكُونُ لَكُمْ وَيُرِيدُ ٱللَّهُ أَن يُحِقَّ ٱلْحَقَّ بِكَلِمَٰتِهِۦ وَيَقْطَعَ دَابِرَ ٱلْكَٰفِرِينَ
၎င်းပြင် (ပြန်လည်၍ သတိရကြ လေကုန်)အကြင် အခါဝယ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အားအုပ်စုနှစ်စုအနက် တစ်စုနှင့်ပတ်သက်၍ ထိုတစ်စုသည်အသင် တို့၏လက်တွင်းသို့ အမှန်ပင်ကျရောက်လိမ့်မည်ဟုကတိပြုလျက် ရှိတော်မူခဲ့လေသည်။ သို့ရာတွင် အသင်တို့မူကားဆူးငြောင့် (ဝါ) လက်နက်မပါသော အုပ်စုသည်သာလျှင် မိမိတို့လက်တွင်းသို့ ကျရောက်ရန် မျှော်ခေါ်တောင့်တလျက်ရှိကြကုန်၏။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အမှန်ကို မိမိအမိန့်တော်များဖြင့် ထင်ရှားတော်မူရန်လည်းကောင်း၊ ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏အခြေအမြစ်ကို (လုံးဝ) ဖြတ်တောက်ပစ်တော်မူရန် လည်းကောင်း၊ ရည်စူးတော်မူချေသတည်း။
لِيُحِقَّ ٱلْحَقَّ وَيُبْطِلَ ٱلْبَٰطِلَ وَلَوْ كَرِهَ ٱلْمُجْرِمُونَ
(သို့ရည်စူးတော်မူခြင်းကား) အပြစ်ရှိသူတို့သည်နှစ် သက်ကြမည်မဟုတ်သော်လည်း အမှန်သည် အမှန်ပင်ဖြစ်ကြောင်း ထင်ရှားစေရန်လည်းကောင်း၊ အမှားသည် အမှားပင်ဖြစ်ကြောင်း ထင်ရှားစေရန်လည်းကောင်း၊ ဖြစ်ပေသတည်း။
إِذْ تَسْتَغِيثُونَ رَبَّكُمْ فَٱسْتَجَابَ لَكُمْ أَنِّى مُمِدُّكُم بِأَلْفٍۢ مِّنَ ٱلْمَلَٰٓئِكَةِ مُرْدِفِينَ
(ပြန်လည်သတိရကြလေကုန်) အကြင်အခါဝယ်၊အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်တွင် ကူညီစောင်မတော်မူရန် လျှောက်ထားပန်ကြားလျက်ရှိကြလေသည်။ ၎င်းနောက် ထိုအရှင်မြတ်သည်အသင်တို့၏ ပန်ကြား ချက်ကို (လက်ခံတော်မူ၍) ဧကန်စင်စစ်ငါအရှင်မြတ်သည် အသင်တို့အား တစ်ပါးပြီးတစ်ပါး (ဆက်တိုက်)လာကြမည်ဖြစ်သော မလာအိကဟ်ကောင်းကင်တမန်တစ်ထောင်ဖြင့် ကူညီစောင်မတော်မူမည်ဟု ပြန်ကြားတော်မူခဲ့လေသတည်း။
وَمَا جَعَلَهُ ٱللَّهُ إِلَّا بُشْرَىٰ وَلِتَطْمَئِنَّ بِهِۦ قُلُوبُكُمْ ۚ وَمَا ٱلنَّصْرُ إِلَّا مِنْ عِندِ ٱللَّهِ ۚ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٌ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ထို(ကဲ့သို့မလာအိကဟ်များကို စေလွှတ်တော်မူ၍ ကူညီတော်မူမည်ဟု)ကတိပေးတော်မူခြင်းမှာ အသင်တို့အဖို့ ဝမ်းမြောက်ဖွယ်ရာသတင်း အဖြစ်သာလည်းကောင်း၊ အသင်တို့၏ စိတ်နှလုံးများသည် ထိုသတင်း (ကိုကြားသိရခြင်းအား)ဖြင့် နှစ်သိမ့်ခြင်းငှာလည်း ကောင်း၊ ပြုတော်မူခဲ့လေသည်။ အမှန်သော်ကားအောင်မြင်မှုသည် အလ္လာဟ်အရှင်မြတ် အထံတော်မှ သာလျှင်ဖြစ်၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောအရှင်၊ ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။(ရကူ)
إِذْ يُغَشِّيكُمُ ٱلنُّعَاسَ أَمَنَةًۭ مِّنْهُ وَيُنَزِّلُ عَلَيْكُم مِّنَ ٱلسَّمَآءِ مَآءًۭ لِّيُطَهِّرَكُم بِهِۦ وَيُذْهِبَ عَنكُمْ رِجْزَ ٱلشَّيْطَٰنِ وَلِيَرْبِطَ عَلَىٰ قُلُوبِكُمْ وَيُثَبِّتَ بِهِ ٱلْأَقْدَامَ
(ပြန်လည်၍သတိရရှိကြလေကုန်)။ အခါ တစ်ပါး၌ ထိုအရှင်မြတ်သည် မိမိအထံတော်မှ အသင်တို့အပေါ်၌အမောအပန်းပြေစေခြင်းငှာ ငိုက်မျည်းခြင်းကို ဖုံးလွှမ်းစေတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့အပေါ်ဝယ် မိုးကောင်းကင်မှ(မိုး)ရေကို ထို(မိုးရေ)ဖြင့် အသင်တို့အား သန့်ရှင်းစင်ကြယ် စိမ့်သောငှာလည်းကောင်း၊ အသင်တို့(၏စိတ်နှလုံးတွင်း)မှ ရှိုင်တွာန်မိစ္ဆာကောင်၏ အကြံပေးချက်ကို ပပျောက်စိမ့်သောငှာလည်းကောင်း၊ အသင်တို့၏စိတ်နှလုံးများ ကြံ့ခိုင်စိမ့်သောငှာလည်းကောင်း၊ (အသင်တို့၏)ခြေများကို ထို(မိုးရေ)ဖြင့် မြဲမြံခိုင်မြဲစိမ့်သော ငှာလည်းကောင်း၊ ရွာသွန်းစေလျက်ရှိတော်မူခဲ့ချေသတည်း။
إِذْ يُوحِى رَبُّكَ إِلَى ٱلْمَلَٰٓئِكَةِ أَنِّى مَعَكُمْ فَثَبِّتُوا۟ ٱلَّذِينَ ءَامَنُوا۟ ۚ سَأُلْقِى فِى قُلُوبِ ٱلَّذِينَ كَفَرُوا۟ ٱلرُّعْبَ فَٱضْرِبُوا۟ فَوْقَ ٱلْأَعْنَاقِ وَٱضْرِبُوا۟ مِنْهُمْ كُلَّ بَنَانٍۢ
(ပြန်လည်၍ သတိရရှိပါလေ) တစ်ရံရောအခါအသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်မလာအိကဟ်ကောင်းကင်စေတမန်များထံ(ဤသို့) ဝဟ်ယ်အမိန့်တော် ချမှတ်တော်မူခဲ့လေသည်။ ငါအရှင်မြတ်သည်ဧကန်စင်စစ် အသင်တို့ နှင့်အတူရှိတော်မူ၏။ သို့ဖြစ်ပေရာအသင်တို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား (ကြံ့ခိုင်စွာ) တည်မြဲစေကြလေကုန်။
ذَٰلِكَ بِأَنَّهُمْ شَآقُّوا۟ ٱللَّهَ وَرَسُولَهُۥ ۚ وَمَن يُشَاقِقِ ٱللَّهَ وَرَسُولَهُۥ فَإِنَّ ٱللَّهَ شَدِيدُ ٱلْعِقَابِ
ဤ(အမိန့်တော်)သည်ကား ယင်း(မုရှ်ရစ်က်)တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ အရှင်မြတ်၏ရစူလ်တမန်တော်အား လည်းကောင်း ဆန့်ကျင်ခဲ့ကြသောကြောင့်(ချမှတ်တော်မူသော အမိန့်တော်)ပင်တည်း။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ထိုအရှင်မြတ်၏ရစူလ်တမန်တော်အားလည်းကောင်း၊ ဆန့်ကျင်ပါမူ အလ္လာဟ်အရှင်မြတ်သည် အမှန်စင်စစ်ပြင်းထန်စွာ ပြစ်ဒဏ် စီရင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ذَٰلِكُمْ فَذُوقُوهُ وَأَنَّ لِلْكَٰفِرِينَ عَذَابَ ٱلنَّارِ
သို့ဖြစ်ပေရာ အသင်တို့သည် ဤသည့် (ပြစ်ဒဏ်)ကို မြည်းစမ်းကြလေကုန်။ ၎င်းပြင် ဧကန် မလွဲ ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်ကုန် သောသူတို့ခံစားအံ့သောငှာဂျဟန္နမ်ငရဲဘုံ၏ပြစ်ဒဏ်သည် အဆင်သင့်ရှိသည် (ကိုလည်းကောင်းစွာ မှတ်ယူကြလေကုန်။)
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِذَا لَقِيتُمُ ٱلَّذِينَ كَفَرُوا۟ زَحْفًۭا فَلَا تُوَلُّوهُمُ ٱلْأَدْبَارَ
အို- မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့အား (စစ်တပ်ကြီးဖွဲ့လျက်)(တနည်း)စစ်ပွဲ၌ ၊စစ်မြေပြင်၌တွေ့ဆုံကြသောအခါ 4င်းတို့အား ကျောခိုင်း၍ မသွားကြကုန်လင့်။(ဝါ) ထွက်မပြေးကြကုန်လင့်။
وَمَن يُوَلِّهِمْ يَوْمَئِذٍۢ دُبُرَهُۥٓ إِلَّا مُتَحَرِّفًۭا لِّقِتَالٍ أَوْ مُتَحَيِّزًا إِلَىٰ فِئَةٍۢ فَقَدْ بَآءَ بِغَضَبٍۢ مِّنَ ٱللَّهِ وَمَأْوَىٰهُ جَهَنَّمُ ۖ وَبِئْسَ ٱلْمَصِيرُ
အမှန်သော်ကား မည်သူမဆို ထိုနေ့တွင် အချီအတက် လွှဲပြောင်းစစ်ဆင်ခြင်း၊ သို့တည်းမဟုတ် (မိမိတို့၏)တပ်ဖွဲ့တစ်ခုခုထံ(သွားရောက်)ပူးပေါင်း နေရာယူခြင်းမှတစ်ပါး၎င်းတို့အားကျောခိုင်း၍သွားခဲ့မူ၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်နှင့်တကွ ပြန်ခဲ့သည်။ ထိုသူသည် အမျက်တော်သင့်လေပြီ။ ထို့ပြင် ဂျဟန္နမ် ငရဲဘုံသည်ပင်လျှင် ၎င်း၏နေရာထိုင်ခင်း ဖြစ်ချေသည်။ စင်စစ်တမူကား ဂျဟန္နမ်ငရဲဘုံသည် အလွန်ယုတ်ညံ့သိမ်ဖျင်းလှသော ပြန်လည်ရာစခန်းပင်ဖြစ်ချေသတည်း။
فَلَمْ تَقْتُلُوهُمْ وَلَٰكِنَّ ٱللَّهَ قَتَلَهُمْ ۚ وَمَا رَمَيْتَ إِذْ رَمَيْتَ وَلَٰكِنَّ ٱللَّهَ رَمَىٰ ۚ وَلِيُبْلِىَ ٱلْمُؤْمِنِينَ مِنْهُ بَلَآءً حَسَنًا ۚ إِنَّ ٱللَّهَ سَمِيعٌ عَلِيمٌۭ
အသင်တို့သည် ထို(ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သော)သူတို့အား သတ်ဖြတ်ခဲ့ကြသည် မဟုတ်ပေ။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည်ပင် ထိုသူတို့အား သတ်ဖြတ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ(အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အား)(သဲများဖြင့်)ပက်ခဲ့စဉ်ကလည်း အသင်ပက်ခဲ့သည်မဟုတ်ပြီ။ စင်စစ်မှာမူကား အလ္လာဟ်အသျှင်မြတ်ပင် ပက်တော်မူခဲ့လေသည်။ (ယင်းသို့ပြုတော်မူခြင်းကား၊ ထိုအရှင်မြတ်၏သက်သေလက္ခဏာ ထင်ရှားစေအံ့သောငှာလည်းကောင်း၊) ထိုအရှင်မြတ်၏ ရစူလ်တမန်တော်အား ဆက်လက်၍ တည်မြဲစေအံ့သောငှာလည်းကောင်း၊ မုအ်မင်န် သက်ဝင် ယုံကြည်သူတို့အား မိမိအထံတော်မှ မွန်မြတ်သောစမ်းသပ်ခြင်းကို စမ်းသပ်တော် မူအံ့သောငှာလည်းကောင်း ဖြစ်ချေသည်။ အလ္လာဟ် အရှင်မြတ်သည် ဧကန်မလွဲအကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။
ذَٰلِكُمْ وَأَنَّ ٱللَّهَ مُوهِنُ كَيْدِ ٱلْكَٰفِرِينَ
ဤသည်ကား (ပြီးခဲ့သောကိစ္စပင်တည်း။) ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့၏ ကြံစည်မှုကိုလည်း ဧကန်မလွဲနုံနဲ့(ပျက်စီး)စေတော်မူလတ္တံ့။
إِن تَسْتَفْتِحُوا۟ فَقَدْ جَآءَكُمُ ٱلْفَتْحُ ۖ وَإِن تَنتَهُوا۟ فَهُوَ خَيْرٌۭ لَّكُمْ ۖ وَإِن تَعُودُوا۟ نَعُدْ وَلَن تُغْنِىَ عَنكُمْ فِئَتُكُمْ شَيْـًۭٔا وَلَوْ كَثُرَتْ وَأَنَّ ٱللَّهَ مَعَ ٱلْمُؤْمِنِينَ
(အို-မက္ကာမြို့သား ကာဖိရ်အပေါင်းတို့) အသင်တို့သည် အကယ်၍ စီရင်ဆုံးဖြတ်ချက်ကိုရလိုပါမူ စီရင်ဆုံးဖြတ်ချက်သည် အသင်တို့ရှေ့ဝယ် အမှန်ပင် အသင့်ရောက်ရှိနေချေပြီ။ သို့ရာတွင် အသင်တို့သည် အကယ်၍(ယခုကပင်)ရပ်စဲကြပါလျှင် ထိုရပ်စဲခြင်းသည် အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်သည်။ သို့ရာတွင် အကယ်၍ အသင်တို့သည် ထပ်မံ၍ ပြုလုပ်ကြပါမူ ငါအင်မြတ်သည်လည်း ထပ်မံ၍ ပြုလုပ်တော်မူအံ့။ ထိုအခါ အသင်တို့၏အုပ်စုသည် မည်မျှပင်များပြားသော်လည်း အသင်တို့အဖို့ အနည်းငယ်မျှပင် အသုံးဝင်လိမ့်မည်မဟုတ်ပေ။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲမုအ်မင်န် သက်ဝင်ယုံကြည်သူတို့နှင့်အတူ ရှိတော်မူသည်(ကိုလည်း ကောင်းစွာ သတိပြုကြလေကုန်)။(ရကူ)
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ أَطِيعُوا۟ ٱللَّهَ وَرَسُولَهُۥ وَلَا تَوَلَّوْا۟ عَنْهُ وَأَنتُمْ تَسْمَعُونَ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့် တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်၏အမိန့်တော်များကိုလည်းကောင်း၊ လိုက်နာကြလေကုန်။ ၎င်းပြင်အသင်တို့သည် ကြားသိလျက်နှင့် ထိုအမိန့်တော်(များ)မှ လွှဲဖယ်မသွားကြကုန်လင့်။
Page 1 of 4 (75 ayahs)